အမျိုးသမီး ဒိုင်သင်တန်းဆင်းပွဲ ကျင်းပ

The MFF » latest news » အမျိုးသမီး ဒိုင်သင်တန်းဆင်းပွဲ ကျင်းပ

ဒီဇင်ဘာ 13, 2019 / By Admin

၂၀၂၀ဘောလုံးရာသီတွင် အမျိုးသမီးဒိုင်လူကြီးများ၏ အရည်အသွေးများ တိုးတက်ကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်လုပ်ငန်းဌာနမှ ဖွင့်လှစ်သည့် Top Women Refrees & Assistant Refrees Workshops For- 2020 Football Season (Pre Season)သင်တန်းပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၁၃ရက်က ရန်ကုန်မြို့ သု၀◌ဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးထွန်းလှအောင်နှင့် တာ၀◌န်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက်သင်တန်းနည်းပြဆရာတစ်ဦးနှင့် သင်တန်းသူတစ်ဦးတစ်ဦးတို့မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားပြီးဆုံးခဲ့သည်။Top Women Refrees & Assistant Refrees Workshops For- 2020 Football Season (Pre Season)သင်တန်းကို ဒီဇင်ဘာလ ၉ရက်မှ ၁၃ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ (၁၆)ဦး တက်ရောက်ခဲ့ကြသည်။