အာရှဘောလုံးအဖွဲ့ချုပ် အမှုဆောင်အစည်းအဝေး ကျင်းပ

The MFF » latest news » အာရှဘောလုံးအဖွဲ့ချုပ် အမှုဆောင်အစည်းအဝေး ကျင်းပ

နိုဝင်ဘာ 25, 2020 / By Admin

အာရှဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီအစည်းအဝေး (6th AFC Executive Committee Meeting) ကို ယနေ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ ရက် မွန်းလွှဲပိုင်းတွင် Online Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အာရှဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Shaikh Salman, အာရှဘောလုံး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုဥက္ကဋ္ဌများ၊ ဖီဖာကောင်စီအဖွဲ့ဝင်များ၊ အမှုဆောင် ကော်မတီ အဖွဲ့ဝင်များနှင့် အာရှဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Dato’ Windsor John တို့ တက်ရောက်ခဲ့သည်။
အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုကူညီရေးဆိုင်ရာ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးဇော်ဇော်က ဒေသတွင်းနိုင်ငံများတွင် လူမှုကူညီရေးဆိုင်ရာ လုပ်ငန်းများကို ကိုဗစ်ကာလအတွင်း ဆက်လက်လုပ်ဆောင်သွား မည့်အကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ကိုဗစ်ကာလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်၏ စီးပွားရေးဆိုင်ရာ သဘောတူညီမှုစာချုပ်များကို ပြင်ဆင်ချုပ် ဆိုသင့်သည့်အခြေအနေများနှင့် လုပ်ဆောင်သင့်သည် လုပ်ငန်းများကို ဦးစားပေးဆွေးနွေးခဲ့ကြရာတွင် ဦးဇော်ဇော်က ပါဝင်ဆွေးနွေးခဲ့သည်။