အိုလံပစ်ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းလူစာရင်း ထုတ်ပြန်

The MFF » latest news » အိုလံပစ်ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းလူစာရင်း ထုတ်ပြန်

နိုဝင်ဘာ 2, 2018 / By Admin

၂၀၁၈ ခုနှစ် နိုဝင်ဘာ (၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Women’s Olympic Football Tournament Asian Qualifier (Round-1) ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး လူစာရင်းအား ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ မြန်မာအမျိုးသမီး လူစာရင်းတွင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၉ ဦးနှင့် ကစားသမား ၂၀ ဦးပါဝင်ပြီး ကစားသမားများမှာ KBZ Bank Women League ပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများအား အခြေခံဖွဲ့စည်းထားခြင်း ဖြစ်သည်။

မြန်မာ့လက်ေရွးစင် အသင်းသည် အိုလံပစ် ခြေစစ်ပွဲစဉ်များအဖြစ် Thuwunna Stadium တွင် ဘင်္ဂလားဒေရှ့်၊ နီပေါ၊ အိန္ဒိယ စသည့်တောင်အာရှ အသင်းများနှင့် အောက်ပါအတိုင်း ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ပွဲစဉ်(၁) မြန်မာနှင့် ဘင်္ဂလားဒေရှ့် ( နိုဝင်ဘာ ၈ ရက်၊ ညနေ ၆း၀၀ နာရီ၊ Thuwunna Stadium)

ပွဲစဉ်(၂) မြန်မာနှင့် နီပေါ ( နိုဝင်ဘာ ၁၁ ရက်၊ ညနေ ၆း၀၀ နာရီ၊ Thuwunna Stadium)

ပွဲစဉ်(၃) မြန်မာနှင့် အိန္ဒိယ ( နိုဝင်ဘာ ၁၃ ရက်၊ ညနေ ၆း၀၀ နာရီ၊ Thuwunna Stadium)

45211736_1228271623978314_4341745477037850624_n

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်း

အုပ်ချုပ်သူ – ဦးတင်မြင့်အောင် ၊ နည်းပြချုပ် – ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ – ဦးခင်မောင်ထွေး၊ ဒေါ်ဇင်မာဝမ်း(ပို့ဆက်)၊ ဂိုးနည်းပြ- ဦးမြကိုမင်း(ဇွဲကပင်ယူနိုက်တက်)၊ ဆရာဝန်- ဒေါက်တာယုနန္ဒာထွန်း၊ မီဒီယာအရာရှိ-ဦးအောင်သော်ဖြိုး၊ အကြောကျွမ်းကျင်- ဦးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး – ဦးစထက်နိုင်ဝင်း

ကစားသမားများ

ဂိုး- ဇာဇာမြင့် (Sport & Education)၊ မေဇင်နွယ် (မြ၀တီ အက်ဖ်စီ)

နောက်တန်း- ဝေေ၀အောင်၊အိရတနာဖြိုး၊ ဇင်ဇင်နိုင်(Sport & Education)၊ခင်သန်းဝေ၊အေးအေးမိုး (မြ၀တီအက်ဖ်စီ)၊ ယွန်းမီမီလွင်၊ ငယ်ငယ်ထွေး (သစ္စာအားမန်)၊ ခင်မျိုးဝင်း (Sport & Education)၊ ခိုင်သဇင် (မြ၀တီအက်ဖ်စီ)

အလယ်တန်း- ခင်မာလာထွန်း(Sport & Education)၊ ခင်မိုမိုထွန်း (သစ္စာအားမန်)၊  မေစံပါယ်ဖူး (မြ၀တီအက်ဖ်စီ)၊ လဲ့လဲ့လှိုင် (ဇွဲကပင်ယူနိုက်တက်)၊ နုနု (Sport & Education)၊ ခင်မိုးဝေ (သစ္စာအားမာန်)၊

ရှေ့တန်း – ရီရီဦး (Sport & Education)၊ ၀င်းသိင်္ဂီထွန်း (မြ၀တီအက်ဖ်စီ)၊ ဇူလိုင်ကျော် (သစ္စာအားမာန်)