ဥပဒေရေးရာကော်မတီ ( ၁/ ၂၀၂၀) အစည်းအဝေး ကျင်းပ

The MFF » Activities » ဥပဒေရေးရာကော်မတီ ( ၁/ ၂၀၂၀) အစည်းအဝေး ကျင်းပ

ဇူလိုင် 27, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥပဒေရေးရာ ကော်မတီ ( ၁/ ၂၀၂၀) အစည်းအဝေး ကို ယနေ့ (ဇူလိုင် ၂၇ရက်) မွန်းလွဲ ၁နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းစိန်၊ ‌ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်း၊ အဖွဲ့၀င် ဦးခင်မောင်မြင့်၊ အဖွဲ့ချုပ် ဥက္ကဋ္ဌအကြံပေး ဦးဘန်နီတင်အောင်နှင့် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥပဒေရေးရာကော်မတီ ၏လုပ်ငန်းဆောင်တာများ နှင့် ​ကော်မတီအ​နေဖြင့် ​ရှေ့ဆက်​ဆောင်ရွက်ရမည့်​ဥပ​ဒေ​ရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ​ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အ​ထွေ​ထွေအတွင်း​ရေးမှူးမှ စီမံအုပ်ချုပ်မှုဆိုင်ရာ အ‌ခြေခံလည်ပတ်ပုံများ၊ ဘဏ္ဏာရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေရေးရာနှင့် စာရင်းစစ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဌာနအလိုက်တာ၀န်ခံများနှင့်၀န်ထမ်းများအားလုံး (Employee Contract) ချုပ်ဆို​ရေးကိစ္စ၊ ပြည်တွင်း-ပြည်ပ နည်းပြများ Professional Contract ချုပ်ဆိုရာတွင် ​ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ စပွန်ဆာစာချုပ်များချုပ်ဆိုရာတွင်လိုက်နာ ​ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ စားရိပ်သာတင်ဒါစာချုပ်ချုပ်ဆို​ရေးကိစ္စရပ်များ အား ဥပ​​ဒေနှင့်အညီချုပ်ဆိုနိုင်​ရေးအသေးစိတ်တင်ပြခဲ့ရာ တက်​ရောက်လာသူများမှ လိုအပ်သည်များကို ဖြည့်စွက်​ဆွေး​နွေးခဲ့ကြပြီး အစည်းအ​ဝေးအား ​​နေ့လည် ၃နာရီတွင် ပြီးဆုံးခဲ့သည်။​

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥပ​ဒေ​​ရေးရာ​ကော်မတီအစည်းအ​ဝေးအား လာမည့် ဩဂုတ် ၂၆ရက် တွင် ဒုတိယအကြိမ်​မြောက် ​ထပ်မံကျင်းပရန် အတည်ပြု​​ဆွေး​နွေးခဲ့ကြသည်။