ရေဘေးသင့် လာအိုပြည်သူများနှင့် အင်ဒိုနီးရှား ငလျင်ဘေးသင့် ပြည်သူများသို့ MFF ဥက္ကဋ္ဌမှ စာနာမှု ထောက်ပံ့ ကူညီငွေများ ပေးအပ်လှူဒါန်း

The MFF » CSR » ရေဘေးသင့် လာအိုပြည်သူများနှင့် အင်ဒိုနီးရှား ငလျင်ဘေးသင့် ပြည်သူများသို့ MFF ဥက္ကဋ္ဌမှ စာနာမှု ထောက်ပံ့ ကူညီငွေများ ပေးအပ်လှူဒါန်း

ဩဂုတျ 25, 2018 / By Admin

မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့တွင် အာဆီယံ ဘောလုံး အဖွဲ့ချုပ် AFF ကောင်စီအစည်းဝေး တက်ရောက်လျက် ရှိသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ပြီးခဲ့သည့် ကာလအတွင်း လာအိုနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေဘေးသင့်မှုနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွါးခဲ့သည့် ငလျင်ဘေးသင့်မှုများကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီငွေ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

40019451_590641354667388_6611086826218192896_n


ထို့အပြင် အင်ဒိုနီးရှား နိုင်ငံ လွမ်ဘွခ် ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွါးခဲ့သည့် ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသူများကိုလည်း MFF ဥက္ကဋ္ဌက လူသားချင်းစာနာမှု ဆိုင်ရာ ပံ့ပိုးကူညီငွေ အမေရိကန် ဒေါ်လာ တစ်သောင်း (USD 10000) ကို အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ မစ္စတာဂျိုကို ထံမှတဆင့် ပေးအပ်လှူဒါန်းခဲ့သည်။

39980218_1977665252277407_6223391364042719232_n (1)

မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့တွင် အာဆီယံ ဘောလုံး အဖွဲ့ချုပ် AFF ကောင်စီအစည်းဝေး တက်ရောက်လျက် ရှိသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ပြီးခဲ့သည့် ကာလအတွင်း လာအိုနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေဘေးသင့်မှုနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပါွးခဲ့သည့် ငလျင်ဘေးသင့်မှုများကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီငွေ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဆည်ပြိုကျခြင်းကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် လာအိုပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု ပံ့ပိုးကူညီငွေ အမေရိကန် ဒေါ်လာ တစ်သောင်း (USD 10000) ကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က လာအိုနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာဝီဖတ် မှတဆင့် ပေးအပ်လှူဒါန်းခဲ့သည်။ ကုလထုတ်ပြန်ချက်အရ အဆိုပါ ရေဘေးကြောင့် လာအိုပြည်သူ တစ်သောင်းကျော် ထိခိုက်ခံစားခဲ့ရသည့် အတွက် MFF ဥက္ကဋ္ဌမှ ပြန်လည်ထူထောင်ရေး ကဏ္ဍများတွင် သုံးစွဲနိုင်ရန် ယခုကဲ့သို့ ပေးအပ်လှူဒါန်း ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အင်ဒိုနီးရှား နိုင်ငံ လွမ်ဘွခ် ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွါးခဲ့သည့် ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသူများကိုလည်း MFF ဥက္ကဋ္ဌက လူသားချင်းစာနာမှု ဆိုင်ရာ ပံ့ပိုးကူညီငွေ အမေရိကန် ဒေါ်လာ တစ်သောင်း (USD 10000) ကို အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ မစ္စတာယိုကို ထံမှတဆင့် ပေးအပ်လှူဒါန်းခဲ့သည်။