မြန်မာယူ၂၁ အသင်းဝင်ရောက်ယှဉ်ပြိုင်မည့် U21 INTERNATIONAL FOOTBALL TOURNAMENT 2018

The MFF » latest news » မြန်မာယူ၂၁ အသင်းဝင်ရောက်ယှဉ်ပြိုင်မည့် U21 INTERNATIONAL FOOTBALL TOURNAMENT 2018

ဒီဇင်ဘာ 9, 2018 / By Admin

မြန်မာ့လက်ရွေးစင် ယူ၂၁အသင်းသည် ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် U21 INTERNATIONAL FOOTBALL TOURNAMENT 2018 ပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာမည်ဖြစ်သည်။

U21 INTERNATIONAL FOOTBALL TOURNAMENT 2018 ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ် ယူ၂၁ အသင်း၊ မလေးရှား ယူ၂၁အသင်းအပါအဝင် တောင်ကိုရီယား ကလပ်အသင်းဖြစ်သည့် Gimhae FC
ယူ၂၁ အသင်းတို့ နှင့်အတူ မြန်မာ ယူ၂၁အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အုပ်စုပွဲစဉ်များယှဉ်ပြိုင်အပြီးတွင် အုပ်စု အဆင့် ၁ နေရာ နှင့် အဆင့် ၂ နေရာမှ အသင်းတို့သည် ဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့် ၃နှင့် ၄ နေရာမှ အသင်းတို့သည် တတိယလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း
သိရသည်။

မြန်မာ့လက်ရွေးစင် ယူ ၂၁အသင်း အုပ်ချုပ်သူနည်းပြအဖွဲ့စာရင်း

ဦးထွန်းထွန်းအောင် (အသင်းမန်နေဂျာ)
ဦးကြည်လွင် (နည်းပြချုပ်)
ဦးကျော်လွင် (လက်ထောက်နည်းပြ)
ဦးချစ်နိုင် (လက်ထောက်နည်းပြ)
ဦးမိုးကျော်သူ (ဂိုးနည်းပြ)
မားကပ် (ကြံ့ခိုင်ရေးနည်းပြ)
ဦးပြည့်စုံနိုင် (Kit Manager)
ဦးတင်အောင်မိုး (အကြောကျွမ်းကျင်)

ကစားသမား

ဂိုး – ဘုန်းသစ္စာမင်း ၊ စိုးအာကာ

နောက်တန်း -ဇွဲထက်မင်း ၊ ကျော်သက်ဦး၊ ကျော်သူထွန်း၊ ဇင်ရဲနောင်၊ အောင်ဝဏ္ဏစိုး၊ သက်ပိုင်ထွေး ၊စိုးမိုးကျော်၊

အလယ်တန်း – အောင်နိုင်ဝင်း၊ မင်းကိုကို၊ နန်းထိုက်ဇော်၊ စိုးလွင်လွင်၊ ဟိန်းထက်အောင်၊ ပြည့်စုံနိုင်၊ မြတ်ကောင်းခန့်

အရှေ့တန်း – ဇင်မင်းထွန်း၊ စအောင်ပြည့်ကို၊ ချမ်းငြိမ်း၊ ဝင်းနိုင်ထွန်း

u 21