မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီအစည်းအဝေး ကျင်းပ

The MFF » Latest Activities » မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီအစည်းအဝေး ကျင်းပ

ဇွန် 8, 2020 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် Standing Committee တစ်ရပ်ဖြစ်သည့် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ၏ ၂၀၂၀ ခုနှစ်အတွက် ပထမအကြိမ် အစည်းအဝေးကို ယနေ့ ဇွန်လ ၈ ရက်နေ့ မွန်းလွဲ (၁)နာရီက အဖွဲ့ချုပ်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဦးကိုကိုသိန်းက အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေများကို တင်ပြရှင်းလင်းခဲ့သည်။ ယင်းနောက် ဈေးကွက်ရှာဖွေရေး ကဏ္ဏနှင့် အဖွဲ့ချုပ်၏ ရရန်/ပေးရန် အခြေအနေများ၊ လာမည့် အနာဂတ်တွင် ဘဏ္ဍာရေး အခြေအနေ တည်ငြိမ်စွာဖြင့် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များအား တက်ရောက်လာသူများက အသီးသီး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

” လက်ရှိဖြစ်ပေါ်နေတဲ့ COVID 19 အကြပ်အတည်း ကာလမှာ အဖွဲ့ချုပ် အနေနဲ့ ဘယ်လို အဆင်ပြေပြေ ကျော်ဖြတ်သွားမလဲ၊ ခံနိုင်ရည်ရှိရှိနဲ့ ကြိုးစားဆောင်ရွက်သွားဖို့ လိုပါတယ်။ ဘတ်ဂျတ် အနုတ်လက္ခဏာပြ နေတဲ့ အနေအထားကနေ လွတ်မြောက်သွားဖို့၊ ပေးဆပ်ရန် ကျန်ရှိနေတာတွေ အကုန်ပေးဆပ်ပြီးတော့ အရန်ငွေကြေးကအစ ထားရှိပြီး အဖွဲ့ချုပ် လည်ပတ်ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ပုံစံနဲ့ မတူတဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ကော်မတီက လုပ်ကြမှာပါ။ လက်ရှိ အဖွဲ့ချုပ် ဥက္ကဋ္ဌ စိုက်ထုတ်သုံးစွဲနေရတာမျိုး နောင်တက်လာမယ့် ဥက္ကဋ္ဌတွေလက်ထက်မှာ မရှိတော့ဖို့ လိုပါတယ်။” ဟု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ ကျင်းပခဲ့သည့် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ အစည်းအဝေး (၁/၂၀၂၀)သို့ ကော်မတီဝင် (၅)ဦး ရှိသည့်အနက် (၁)ဦး ခွင့်တိုင်ကြားခဲ့ပြီး ကျန်(၄)ဦးနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး တက်ရောက်ကြသူများ
ကော်မတီ
၁။ ဒေါက်တာ စိုင်းဆမ်ထွန်း (ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ)
၂။ ဦးသန်းဇော် (ဒုတိယ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ)
၃။ ဦးခွန်နောင်မြင့်ဝေ (အဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ)
၄။ ဦးဇော်မင်းသိန်း (အဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ)

ခွင့်တိုင်ကြားသူ
ဦးမင်းလှိုင် (အဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ)

၅။ ဦးဘန်နီတင်အောင် (အထူးဧည့်သည်၊ နည်းစနစ်ကော်မတီ နာယက)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်
၆။ ဦးကိုကိုသိန်း (အထွေထွေ အတွင်းရေးမှုး)
၇။ ဒေါ်အိရွှေစင်မျိုးထွန်း (ငွေစာရင်း ဌာနတာဝန်ခံ)
၈။ ဦးဇော်မင်းထိုက် (မီဒီယာဌာနတာဝန်ခံ)

 

ဦးသန်းဇော် (ဒုတိယ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ)

ဦးခွန်နောင်မြင့်ဝေ (အဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ)

ဦးဇော်မင်းသိန်း (အဖွဲ့ဝင်၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ)

ဦးကိုကိုသိန်း (အထွေထွေ အတွင်းရေးမှုး)

ဒေါ်အိဆွေဇင်မျိုးထွန်း (ငွေစာရင်း ဌာနတာဝန်ခံ)