BTV International Football Tournament ယှဉ်ပြိုင်ရန် ဗီယက်နမ်နိုင်ငံသို့ မြန်မာ့လက်ရွေးစင် ယူ၁၉အသင်းထွက်ခွာ

The MFF » Latest Activities » BTV International Football Tournament ယှဉ်ပြိုင်ရန် ဗီယက်နမ်နိုင်ငံသို့ မြန်မာ့လက်ရွေးစင် ယူ၁၉အသင်းထွက်ခွာ

ဒီဇင်ဘာ 13, 2019 / By Admin

ဗီယက်နမ်နိုင်ငံ ဘန်ဒေါင်းမြို့တွင်ကျင်းပမည့် BTV International Football Tournament – Number One Cup 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ-၂၀အသင်းသည် ဒီဇင်ဘာလ ၁၂ရက် (ယနေ့) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဒီဇင်ဘာလ ၁၄ရက်မှ ၁၈ရက်အထိ ကျင်းပသွားမည့် BTV International Football Tournament – Number One Cup 2019 ပြိုင်ပွဲကို အိမ်ရှင် ဗီယက်နမ် ယူ-၂၀အသင်း၊ မြန်မာယူ-၂၀အသင်း၊ ကမ္ဘောဒီးယားယူ-၂၀အသင်းနှင့် ဗီယက်နမ်ကလပ် Becamex Binh Duong အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ BTV International Football Tournament – Number One Cup 2019 ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၁၄ရက်နေ့တွင် မြန်မာယူ-၂၀အသင်းသည် Becamex Binh Duongအသင်းနှင့် ဆီမီးဖိုင်နယ် ပွဲစဉ်ပုံစံ အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ၏ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို ဒီဇင်ဘာလ ၁၇ရက်နှင့် ၁၈ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ယူ-၂၀အသင်းတွင် ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ နောက်တန်း- စည်သူမိုးခန့်၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊‌ေ၀ယံစိုး၊ ကောင်းခန့်ကျော်၊ သက်ဟိန်းစိုး၊ အလယ်တန်း- ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်၀င်းသိန်း၊ အောင်ကိုဦး၊ ရန်ကျော်စိုး၊ပြည့်ဖြိုးအောင်၊ မိုးဆွေ၊ ခွန်ကျော်ဇင်ဟိန်း၊ ဟိန်းထက်အောင်၊ ရှေ့တန်း- ညီညီ၊ စောကျော်အဲ၊ လမင်းထွေးတို့ပါ၀င်ခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာ၀န်ယူဆောင်ရွက်သွားမည်ဖြစ်သည်။