နိုဝင်ဘာ 24, 2020 / By Admin
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ယနေ့ (နိုဝင်ဘာ ၂၄ရက်) မွန်းလွဲပိုင်းက ၂၇ကြိမ်မြောက် AFF Congress
ကို Video Conference ဖြင့်ပြုလုပ်ခဲ့သည်။

အဆိုပါ AFF Congressသို့ အာရှ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေအ တွင်းရေးမှူး ဉီးကိုကိုသိန်း၊ ဥက္ကဋ္ဌအကြံပေး ဦးဘန်နီတင်အောင်၊ AFF ဥက္ကဋ္ဌ၊ အာဆီယံဘောလုံးအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ်အတွင်း ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် ဆူဇူကီးဖလားပြိုင်ပွဲကို လာမည့် ၂၀၂၁ခုနှစ် ဧပြီလအတွင်းကျင်းပရန် လျာထားသည့်အကြောင်း၊ AFF ၏ စပွန်ဆာများနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ပြင်ဆင်ဖြည့်စွက်ထားသည့် ဥပဒေသများအကြောင်း၊ အာဆီယံ
ဒေသတွင်း နိုင်ငံအလိုက် Covid-19 ရောဂါပိုး ထိန်းချုပ်နိုင်မှု အခြေအနေကိစ္စရပ်များ၊ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်
ရာတွင် အရေးပါသည့် ခရီးသွားလာခွင့်အခြေအနေနဲ့ပတ်သက်သည့် ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။