MFF Audit & Compliance Committee ( 1/2020 ) အစည်းအဝေးကျင်းပ

The MFF » latest news » MFF Audit & Compliance Committee ( 1/2020 ) အစည်းအဝေးကျင်းပ

ဩဂုတ် 18, 2020 / By Admin

MFF Audit & Compliance Committee (1/2020 ) အစည်းအဝေးကို ယနေ့ (ဩဂုတ်လ ၁၈ရက်) မွန်းလွဲ ၁ နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးလှ‌ဌေးနှင့် ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်​ဆွေး​နွေးခဲ့ကြသည်။

စဉ်အရ ကော်မတီ ဥက္ကဋ္ဌ ဦးလှ‌ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် အဖွဲ့ချုပ်အနေဖြင့် ဖီဖာ နှင့် အာရှဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေး ဆိုင်ရာ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် အတွက် စာရင်းစစ် ကော်မတီအနေဖြင့် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ​ကော်မတီအ​နေဖြင့်ရှေ့ဆက်​ဆောင်ရွက် ရမည့်​ ကိစ္စရပ်များနှင့်ပတ်သက်ပြီးဆောင်ရွက်သင့်သည်များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

 

ထို့နောက် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ​စည်းစနစ်ကျနစွာ လိုက်နာဆောင်ရွက်ရေးနှင့် စာရင်းစစ် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အဖွဲ့ချုပ်၏ MFF Statutes အရလုပ်​ဆောင်ထားရှိမှု အ​ခြေအ​နေများ၊ Audit Department နှင့် External Audit Firm ထားရှိမှုများ၊ MFF Internal Audit ၏ ကွင်းရုံများဌာန၊ လုံခြုံရေးနှင့် စီမံရေးရာဌာန၊ ၊ ပြိုင်ပွဲကျင်းပရေးဌာန၊ နည်းပြနှင့် နည်းစနစ်ပညာဌာန၊ ဒိုင်လုပ်ငန်းဌာန၊ အကယ်ဒမီများ၊ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် လက်ရွေးစင်အသင်းများဌာန အပါအဝင် ဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့မှ ငွေကြေးသုံးစွဲမှု များအား ကြပ်မတ်စိစစ်ဆောင်ရွက်နေမှုများ၊ ​​ဘဏ္ဌာရေးဆိုင်ရာ နှင့် စာရင်းစစ် လုပ်ထုံးလုပ်နည်းများအား FIFA /AFC သတ်မှတ်ထားသည့်​ဆောင်ရွက်ချက်များနှင့်အညီစနစ်တကျ ဆောင်ရွက်ထားရှိမှုများ၊ အဖွဲ့ချုပ်၏ငွေကြေးပိုင်းဆိုင်ရာ သုံးစွဲနေမှုများအားအသေးစိတ် ဆွေးနွေးတင်ပြခဲ့သည်။

ကော်မတီအနေဖြင့် လာမည့် အဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေးတွင် တင်ပြရန်ရှိသည်များကို တိကျရှင်းလင်းစွာ တင်ပြနိုင်ရေးအတွက် ​ဆွေး​နွေးခဲ့ကြပြီး အစည်းအ​ဝေးကို ရုပ်သိမ်းခဲ့သည်