MFF Coaches Refresher Course 2018 သင်တန်းဆင်းပွဲ ကျင်းပ

The MFF » Coaches » MFF Coaches Refresher Course 2018 သင်တန်းဆင်းပွဲ ကျင်းပ

ဇွန် 1, 2018 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ဖွင့်လှစ်သော MFF Coaches Refresher Course 2018 သင်တန်း ဆင်းပွဲ အခမ်း အနားကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ဇွန်လ ၁ ရက်နေ့ နေ့လည် ၃နာရီ အချိန်က ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး (အာရှဘောလုံး အဖွဲ့ချုပ် သင်တန်းနည်းပြ ဆရာ) ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား နည်းပြဆရာများ တက်ရောက်ခဲ့ကြသည်။

IMG_5922

IMG_5907

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် သင်တန်းနည်းပြဆရာ ဦးတင်မြင့်အောင်တို့မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

IMG_5973 IMG_5980 IMG_5939 IMG_5993

ထိုသင်တန်းကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်းများတွင် တာဝန်ထမ်းဆောင်နေသော သင်တန်းသား နည်းပြ ၂၂ ဦးတက်ရောက် သင်ကြားခဲ့ခြင်းဖြစ်သည်။