ဇန်နဝါရီ 9, 2021 / By Admin
MFF Finance Committee အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက Video Conference အနေဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးကိုကိုသိန်းနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အခမ်းအနား အစီအစဉ်အရ ကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှုး ဦးကိုကိုသိန်းနှင့် ဌာနတာဝန်ခံအသီးသီးက ၂၀၂၁ ခုနှစ်အတွက် ဘက်ဂျက်လျာထား ပြုစုမှုများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ကဏ္ဏအလိုက် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ကော်မတီက ဌာနအသီးသီး၏ တင်ပြချက်များအား စစ်ဆေးကာ လိုအပ်သည်များအား သုံးသပ်ဆွေးနွေး မေး မြန်းခဲ့သည်။ ဆက်လက်၍ လာမည့် အဖွဲ့ချုပ် ကွန်ဂရက်စ်နှင့်အလုပ်အမှုဆောင် အစည်းအဝေးတွင် တင်ပြရန်ရှိသည်များကို တိကျရှင်းလင်းစွာ တင်ပြနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။