MFF Futsal Referee Refersher Course 2018 သင်တန်း ဖွင့်လှစ်

The MFF » latest news » MFF Futsal Referee Refersher Course 2018 သင်တန်း ဖွင့်လှစ်

ဇွန် 26, 2018 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် MFF Futsal Referee Refersher Course 2018 သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က သုဝဏ္ဏကွင်း အတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်း ပခဲ့သည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် သြဂုတ်လ အတွင်းကျင်းပမည့် MFF Futsal League 2018 ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဒိုင်လူကြီးများ၏ အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ ယင်းသင်တန်းကို ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပြီး ထိုသင်တန်းသို့ သင်တန်းသား ၂၃ ဦးတက်ရောက်ကြမည် ဖြစ် သည်။

ထိုသင်တန်း၏ သင်တန်းနည်းပြများအဖြစ် လက်ရှိအချိန်တွင် ဒိုင်ကြီးကြပ်များ အဖြစ် တာဝန်ထမ်းဆောင်နေကြသော အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး ဟောင်းများက သင်ကြားပေးသွားမည် ဖြစ်သည်။