MFF Myanmar Futsal League 2019-20 ဖွင့်ပွဲ ကျင်းပ

The MFF » Futsal » MFF Myanmar Futsal League 2019-20 ဖွင့်ပွဲ ကျင်းပ

နိုဝင်ဘာ 27, 2019 / By Admin

MFF Myanmar Futsal League 2019-20 ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ (လှိုင်)တွင် ကျင်းပခဲ့သည်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် ကစားသမားများကို လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက်MFF Myanmar Futsal League 2019-20 ပြိုင်ပွဲ၏ Week-1 ပွဲစဉ်များကို စတင်ယှဉ်ပြိုင် ကစားခဲ့သည်။

MFF Myanmar Futsal League 2019-20 ပြိုင်ပွဲကို Tittle Sponsor အဖြစ် Myanmar ၊ C0-Sponsor များအဖြစ် 100PLUS ၊ Molten နှင့် Pan တို့က ပံ့ပိုးပေးထားခြင်း ဖြစ်သည်။