MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအတွက် ကြိုတင်ညှိနှိုင်းဆွေနွေးပွဲ ကျင်းပ

The MFF » Futsal » MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအတွက် ကြိုတင်ညှိနှိုင်းဆွေနွေးပွဲ ကျင်းပ

ဇန်နဝါရီ 8, 2020 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)မှ ကြီးမှူးကျင်းပလျက်ရှိသော MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအတွက် ကြိုတင်ညှိနှိုင်းခြင်း အစည်းအဝေးကို ဇန်နဝါရီ ၈ ရက် နေ့လယ်ကမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးကို MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဖူဆယ်နှင့် သဲသောင်ပြင် ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယ အကျော့ ပွဲစဉ်များအတွက် ပြင်ဆင်ထားမှုများ၊ ယခုနှစ် အတွင်းကျင်းပမည့် ဖူဆယ်ပြိုင်ပွဲများနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ဖူဆယ်နှင့် သဲသောင်ပြင် ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲ ကျင်းပရေးဌာန ဒါရိုက်တာ ဦးရဲဝင်းထွန်း၊ ဒိုင်ကြီးကြပ် ဦးကျော်စိုးတို့က ပထမအကျော့တွင် ကျင်းပခဲ့သော ပွဲစဉ်များနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခဲ့ကြပြီး ပြိုင်ပွဲဝင် အသင်းများမှ တာဝန်ရှိသူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲ၏ ဒုတိယအကျော့ ပွဲစဉ်များကို ဇန်နဝါရီ ၁၁ ရက်တွင် ပြန်လည် စတင်ကျင်းပမည်ဖြစ်သည်။