MFF Women’s League 2018-19 Week-2 အဖွင့်ပွဲတွင် Sport & Education အသင်းအနိုင်ရ

The MFF » competition » MFF Women’s League 2018-19 Week-2 အဖွင့်ပွဲတွင် Sport & Education အသင်းအနိုင်ရ

ဒီဇင်ဘာ 11, 2018 / By Admin

MFF Women’s League 2018-19 Week-2 ၏ ပထမဆုံး ပွဲစဉ် အဖြစ် Sport & Education FC အသင်းနှင့် Zwekapin FC အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ Sport & Education အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။

ပွဲချိန် ပထမပိုင်းတွင် အကြိတ်အနယ် ရှိခဲ့ပြီး နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစား နိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသဖြင့် ဂိုးမရှိသရေ ကျနေခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေးများ ပိုမိုရရှိလာပြီး ပွဲချိန် ၈၆ မိနစ်တွင် Sport & Education အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဆုပြည့်ပြည့်ကျော်က သွင်းယူပေးခဲ့သည်။

MFF Women’s League 2018-19 Week-2 ၏ နောက်ထပ် ပွဲစဉ်တစ်ပွဲဖြစ်သော Myawady FC အသင်းနှင့် Gandamar FC အသင်းတို့ ပွဲစဉ်ကို မနက်ဖြန် ဒီဇင်ဘာ ၁၂ ရက်၊ မွန်းလွဲ ၃း၃၀ နာရီအချိန်တွင် အောင်ဆန်းကွင်း၌ ဆက်လက် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ပါသည်။