Youth Newspaper Cup 2016 ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲသို့ ဆီးဂိမ်း အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်

The MFF » latest news » Youth Newspaper Cup 2016 ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲသို့ ဆီးဂိမ်း အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်

စက်တင်ဘာ 22, 2016 / By Admin

ဗီယက်နမ် ဘောလုံး အဖွဲ့ချုပ်မှ ဦးစီးကျင်းပမည့် Youth Newspaper Cup 2016 အသက် ၂၁ နှစ်အောက် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အသက် ၂၁ နှစ်အောက် လူငယ်လက်ရွေးစင် အသင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲကို နိုဝင်ဘာလ ၉ ရက်မှ ၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံ ဂယ်လိုင်မြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ ဗီယက်နမ် ဘောလုံးအဖွဲ့ ချုပ်၏ ဖိတ်ကြားမှုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လက်ခံလိုက်ခြင်း ဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲဝင်အသင်းများနှင့် ပွဲစဉ်ဇယားတို့ကို မသိရသေးပေ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းကို ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲဝင် အသင်း၏ ပဏာမ အသင်းအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ထားပြီး နည်းပြချုပ် တာဝန်ကိုလည်း ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းအား ကိုင်တွယ်မည့် ဦးကြည်လွင်ကိုပင် ပေးအပ်သွားမည် ဖြစ်သည်။

အဆိုပါ အသင်းကို ယမန်နှစ်က နယူးဇီလန် နိုင်ငံတွင် ကျင်းပခဲ့သည့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်းမှ ကစားသမားများကို ကျောရိုးပြု ဖွဲ့စည်းသွားမည် ဖြစ်ကာ လာမည့် အောက်တိုဘာ ၁၀ တွင် စတင်၍ စခန်းသွင်းလေ့ကျင့်ရန် ရည်ရွယ်ထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်