AFF 10TH COUNCIL MEETING နေပြည်တော်တွင် ကျင်းပခဲ့
July 30, 2015လက်ရွေးစင် အသင်းနည်းပြချုပ် အဗရာမိုဗစ်နှင့် အဖွဲ့အား စာချုပ် ချုပ်ဆိုပွဲ ကျင်းပ
August 1, 2015၂၀၁၄ မြန်မာ နေရှင်နယ်လိဂ် ရာသီအဖွင့် Charity Cup 2014 ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၄း၀၀ နာရီက အောင်ဆန်းကွင်း တွင် ကျင်းပခဲ့ရာ ပြီးခဲ့သည့် ရာသီက အမှတ်ပေး ချန်ပီယံ ရန်ကုန် ယူနိုက်တက် အက်ဖ်စီ အသင်းနှင့် MNL Cup ချန်ပီယံ ကမ္ဘောဇ အက်ဖ်စီ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။ အဆိုပါပွဲစဉ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇ အသင်းက ရန်ကုန် ယူနိုက်တက် အသင်းကို (ဝ-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ရာသီအတွက် ပထမဆုံး ဆုဖလားကို သိမ်းပိုက်သွားခဲ့သည်။
ရန်ကုန်နှင့် ကမ္ဘောဇတို့ နှစ်သင်းစလုံး ရာသီသစ်အတွက် ခေါ်ယူထားသည့် ပြည်ပကစားသမား အားလုံးကို ပွဲထုတ်ခဲ့ကြပြီး ပြည်တွင်း အမာခံ ကစားသမား များဝန်းရံကာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ လူမှုရေး ရန်ပုံငွေပွဲ ဖြစ်သော်လည်း နာမည်ကြီး ပြိုင်ဘက်အသင်း များပီပီ အမှားမခံဘဲ အကွက်စေ့စေ့ စနစ်တကျ ကစားသွားခဲ့သဖြင့် ပွဲမှာအကြိတ်အနယ် ရှိလှသည်။ ရန်ကုန် ယူနိုက် တက် အသင်းသည် AFC Cup ပြိုင်ပွဲနှင့် MNL ပြိုင်ပွဲအတွက်ပါ အသင်းအား ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားသကဲ့သို့ ကမ္ဘောဇ အသင်း မှာလည်း တစ်ကြိမ်မျှ မရရှိသေးသည့် MNL ချန်ပီယံဆုအတွက်ပါ ပြင်ဆင်နေသော အသင်းဖြစ်သဖြင့် နှစ်သင်းစလုံး ထိပ်တိုက်ဆုံတွေ့ သောယခု ပွဲစဉ်သည် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်းတွင် အဓိက ကစားသမား ကြည်လင်း ဒဏ်ရာကြောင့် မပါဝင်နိုင်သဖြင့် တိုက်စစ်အားပျော့ခဲ့ရပြီး ကမ္ဘောဇ အသင်းထက် တိုက်စစ်ဆင် ကစားနိုင်မှု အကြိမ်အရေ အတွက် လျော့နည်းခဲ့ရသည်ကို တွေ့ရသည်။ အလားတူ ကွင်းလယ်တွင် အသစ်ခေါ်ယူထားသည့် ဘရာဇီးကစားသမား အီမာဆင် မှာလည်း ယနေ့ပွဲတွင် ရှေ့တန်းနှင့် ချိတ်ဆက်ရာ၌ အားနည်းမှုများ ရှိနေခဲ့သည်။ နည်းပြ အဲရစ်ဝီလျံ အနေဖြင့် ကစားသမားသစ် အောင်ဇော်ကို တောင်ပံတွင် ပွဲထုတ်ခဲ့ရာ ထင်သလောက် မဖြစ်ခဲ့ဘဲ ဖြတ်တင်ဘော ပေးပို့မှုများ ပထမပိုင်း ပြီးဆုံးသည်အထိ ထိထိမိမိ မရှိခဲ့ပေ။
ကမ္ဘောဇအသင်းမှာ ယနေ့ပွဲတွင် ရန်ကုန် ယူနိုက်တက် အသင်းအား ဘောလုံးပိုင်ဆိုင်မှုရော တိုက်စစ်ဆင်မှုတွင်ပါ အသာစီး ကစား သွားခဲ့ပြီး ထောင့်ကန်ဘော များမှ အနိုင်ဂိုး ၂ ဂိုး ပိုင်ပိုင်နိုင်နိုင်သွင်းကာ ဆုဖလား သိမ်းပိုက်သွားနိုင်ခဲ့သည်။ ပြည်ပ ကစားသမားများ ဖြစ်သည့် ဇစ်ကိုဗစ်၊ ကမ်၊ ဂျူနီယာ၊ ဟန်ဆင်တို့ အုပ်စုက အသင်းအား များစွာအကျိုးပြု နိုင်ခဲ့ပြီး ယနေ့ပွဲ၏ သွင်းဂိုး ၂ ဂိုးစလုံး ကိုလည်း သွင်းယူပေးခဲ့ကြသည်။ ပွဲချိန် ၂၂ မိနစ် တွင် ရန်ကုန် နောက်ခံလူ များ အမှား မှ တစ်ဆင့် စိုးမင်းဦး အပိုင်ဂိုးသွင်းခွင့် ရရှိခဲ့ သော်လည်း ရန်ကုန်ဂိုးသမား အောင်ဝေဖြိုးကို လိမ်ခေါက်ရန် ကြိုးစားမှု မအောင်မြင်သဖြင့် စောစောစီးစီ အဖွင့်ဂိုးရရန် ဝေးခဲ့ရသည်။ ၂၅ မိနစ်တွင် ဇစ်ကိုဗစ် ပင်နယ်တီ ဧရိယာအတွင်း ရင်ဘတ်ဖြင့် ချပေးသည်ကို သိန်းသန်းဝင်း အပိုင်ကန်သွင်းသော်လည်း ဂိုးဘားပေါ် ကျော်သွားသဖြင့် ကမ္ဘောဇအသင်း ဒုတိယအကြိမ် နစ်နာခဲ့ရပြန်သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးမရခဲ့ဘဲ အပြန်အလှန် ထိုးဖောက်မှုများဖြင့် အချိန်ကုန်ခဲ့ရသည်။
ဒုတိယပိုင်း စတင်ရာတွင် ရန်ကုန်အသင်းမှာ ကစားပုံ ထူးထူးခြားခြား ပိုကောင်းမလာခဲ့ဘဲ ကမ္ဘောဇ အသင်း၏ လျှပ်တပြတ် ထိုးဖောက် မှုများကိုသာ ကာကွယ်နေခဲ့ရသည်။ ပွဲချိန် ၅၅ မိနစ်တွင် ကမေ ္ဘာဇ အသင်း ရရှိသည့် ထောင့်ကန် ဘောမှ တစ်ဆင့် ကမ္ဘောဇ နောက်ခံလူ ဂျူနီယာ ခေါင်းတိုက်ကာ တောင်ပေါ်သားတို့ အတွက် အဖွင့်ဂိုး ရယူပေး ခဲ့သည်။ ပွဲချိန် ၅၈ မိနစ် တွင် ရန်ကုန် အသင်း မှ ပြည့်ဖြိုး အောင် အစား ကျော်ကိုကို ဝင်ရောက် ကစား ခဲ့သည်။ ပွဲချိန် ၆၈ မိနစ် တွင် ကမေ ္ဘာဇ အသင်း ရရှိ သည့် ထောင့်ကန်ဘော မှတစ်ဆင့် ဇစ်ဗ်ကိုဗစ် ပိတ်သွင်း ယူ ခဲ့ သဖြင့် ကမေ ္ဘာဇ အသင်း ဒုတိယ ဂိုး ရရှိ ခဲ့သည်။ ဒုတိယ ပိုင်း ၈၉ မိနစ် တွင် ရန်ကုန် အသင်းမှ ဒေးဗစ် ထန်း ဂိုးရှေ့ ဖြတ်တင် ပေးသည့် ဘောလုံး ကို ဆီဇာ အပိုင် ခေါင်းတိုက် ခဲ့သော်လည်း ကမေ ္ဘာဇ ဂိုးသမား ကျော်ဇင်ထက် ပုတ်ထုတ် ကာကွယ် နိုင်ခဲ့ သဖြင့် ရန်ကုန် အသင်း ချေပ ဂိုး ရရှိ ရန် နစ်နာ ခဲ့ရသည်။ ရန်ကုန် ယူနိုက်တက် အသင်းမှာ ဒုတိယပိုင်းတွင် ကစားပုံ ပိုကောင်းလာခဲ့သော်လည်း ကျော်ကိုကို၊ ဒေးဗစ်ထန်း၊ ဆီဇာ၊ အီမာဆင်တို့ ကြိုးစားမှုများ အချိန်နှောင်းခဲ့ရပြီး ပွဲအပြီးတွင် (ဝ-၂)ဂိုးဖြင့် ကမ္ဘောဇကို အရေးနိမ့် ခဲ့ရသည်။
ယနေ့ ပွဲစဉ် မှ ရရှိသည့် ကွင်းဝင်ကြေး နှင့် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ ချုပ် ဥက္ကဌ၊ MNL ကလပ် အသင်း ပိုင်ရှင် များ မှ စုပေါင်း လှူဒါန်း ငွေ ကျပ်သိန်း ၁၀၀၊ ဘောလုံး အလုံး ၁၀၀ နှင့် အားကစား အကျီ ၤ၃၀၀ ကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန လက်အောက် ရှိ ထောက်ကြံ့ အမျိုး သမီး သင်တန်း ကျောင်း နှင့် ရွှေဂုံတိုင် မိဘမဲ့ကလေးပြု စုရေး ဌာန များသို့ ခွဲ ဝေလှူ ဒါန်းခဲ့သည်။