ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ပြိုင်ပွဲ မဲခဲပွဲ အခမ်းအနား ကျင်းပ
August 10, 2015ခြေစွမ်းအသာဖြင့် မြန်မာ ယူ-၂၀ အသင်း မလေးရှား ယူ-၂၂ အား ဂိုးပြတ် အနိုင်ယူ
August 11, 2015ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ဦးစီးကျင်းပလျှက်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၅ ရှုံးထွက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အစီအစဉ်ဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းငွေ ကျပ်သိန်း(၁၀၀) ပေးအပ်ခြင်း အခမ်းအနားကို မေလ ၁၃ရက် နံနက် (၈)နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရွှေခေတ် မြန်မာ့လက်ရွေးစင် ကစားသမား ဟောင်းများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က အလှူငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်တွင် သမိုင်းအစဉ်အလာကြီးမားသော ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲကြီးအား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲကျင်းပသည့် စနစ်အား ရှင်းလင်းပြောကြားကာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ ပြိုင်ပွဲအတွက် ယခုကဲ့သို့ ဝိုင်းဝန်းပံ့ပိုးလှူဒါန်းခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ယင်းနောက် အစီအစဉ် အရ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က အလှူငွေ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ဂုဏ်ပြုလွှာ ပြန်လည် ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၅ ပြိုင်ပွဲအတွက် အခြားသော အလှူရှင် အသီးသီး၏ လှူဒါန်းငွေများကိုလည်း အဖွဲ့ချုပ် ဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပြီး အမှတ်တရ ဘောလုံးများ ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၅ ရှုံးထွက် ပြိုင်ပွဲအတွက် လှူဒါန်းမှုများ
(၁) တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ – ကျပ်သိန်း (၁၀၀)
(၂) KBZ Bank – ကျပ်သိန်း (၁၀၀)
(၃) ဒေါက်တာစိုင်းဆမ်ထွန်း (ရတနာပုံ အသင်းပိုင်ရှင်) – ကျပ်သိန်း (၁၀၀)
(၄) Max Energy – ကျပ်သိန်း (၁၀၀)
(၅) Fresh Air-con – ကျပ်သိန်း (၁၀၀)
(၆) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး – ကျပ်သိန်း (၃၀)
(၇) ပြေတီဦး (ရုပ်ရှင်သရုပ်ဆောင်) – ကျပ် (၁၀)သိန်း