MFF Charity Cup 2015 အား ဧရာဝတီယူနိုက်တက် ဆွတ်ခူး
August 10, 2015ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၅ ပြိုင်ပွဲအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ အလှူငွေ ကျပ် သိန်း(၁၀၀) လှူဒါန်း
August 10, 2015၂၀၁၅ ဗိုလ်ချုပ်ဆောင်ဆန်းဒိုင်း (General Aung San Shield 2015) ရှုံးထွက်ဖလား ပြိုင်ပွဲ မဲခဲပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့၊နံနက် (၁၀း၃၀) နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ MFF ဒုဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်၊ MFF တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊မြန်မာ နေရှင်နယ်လိဂ် (MNL) အမှုဆောင် အရာရှိချုပ် မစ္စတာ ဂျေဆင်း၊ MNL Chief Operation Officerဦးစိုးမိုးကျော်၊ MFF သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ခံများ၊ MNL-1 နှင့် MNL-2 ကလပ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မန်နေဂျာများ၊ သက်ဆိုင်ရာ ကလပ်အသင်း တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စာနယ်ဇင်း၊ မီဒီယာများ စုံညီစွာ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ MFF ဒုဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင် မှ အခမ်းအနား အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ယင်းနောက် MNL အမှုဆောင် အရာရှိချုပ် မစ္စတာ ဂျေဆင်းမှပြိုင်ပွဲ ကျင်းပပုံ စနစ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည် ။
ထို့နောက် ဦးတင်အောင်၊ ဦးကိုကိုသိန်းနှင့် MNL ကလပ်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ မှ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ပြိုင်ပွဲ ပွဲစဉ်များအား မဲနှိုက် ပေးခဲ့ကြသည်။အဆိုပါ ပြိုင်ပွဲသို့ MNL-1 မှ (၁၂) သင်းနှင့် MNL-2 မှ (၁၀) သင်း စုစုပေါင်း (၂၂) သင်းဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်း ရှုံးထွက်ဖလား ပြိုင်ပွဲများအား ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းနှင့် အောင်ဆန်း အားကစားကွင်းတို့၌ ကျင်းပသွားမည် ဖြစ်သည်။
မဲခွဲအပြီး ထွက်ပေါ်လာသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ပြိုင်ပွဲ ပွဲချိန်ဇယား အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။