လက်ရွေးစင် အသင်းနည်းပြချုပ် အဗရာမိုဗစ်နှင့် အဖွဲ့အား စာချုပ် ချုပ်ဆိုပွဲ ကျင်းပ
August 1, 2015သြစကြေးလျ ကို အနိုင်ယူပြီး မြန်မာ အမျိုးသမီး အာဆီယံ ချန်ပီယံရှစ် ဗိုလ်လုပွဲတက်ရောက်
August 10, 2015မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့ နံနက်ပိုင်းက မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် မစ္စတာ အဗရာမိုဗစ်နှင့် မြန်မာယူ-၁၉ အသင်း၏ နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီတို့ အား တွေ့ဆုံကာ လက်ရွေးစင် အသင်းများ၏ လေ့ကျင့်ပြင်ဆင် မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှု များပြုလုပ်ခဲ့သည်။
မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် လာမည့် နိုဝင်ဘာ လကုန်ပိုင်းတွင် AFF Suzuki Cup 2014 အုပ်စုအဆင့် ပွဲစဉ်များသို့ ဝင်ရောက် ယှဉ်ပြိုင် ကစားရမည်ဖြစ်ရာ မြန်မာယူ-၁၉ အသင်းမှ ကစားသမား (၅)ဦးအား လက်ရွေးစင် အသင်းကြီးနှင့် (၃)ပတ်ကြာ ပူးတွဲလေ့ကျင့်စေမည်ဖြစ်ကာ ပြိုင်ပွဲအပြီးတွင် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများပြုလုပ်မည့် မြန်မာယူ-၂၀ဘောလုံး လအသင်းသို့ ပြန်လည်စေလွှတ်ပေးမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာ အဗရာမိုဗစ်မှ မြန်မာယူ-၁၉ အသင်း၏ အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကာ လက်ရွေးစင် အသင်းအနေဖြင့် ဆူဇူကီးဖလား အုပ်စုအဆင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရာတွင် လူအင်အား တောင့်တင်းရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲမတိုင်မီ ပြည်ပသို့ သွားရောက်လေ့ကျင့်မည့် ခရီးစဉ်သို့ ခေါ်ဆောင်သွားလိုကြောင်း၊ ယူ-၁၉ ကစားသမားများ၏ စိတ်ဓာတ်၊ ခြေစွမ်းနှင့် ကြံ့ခိုင်မှုများ မပျက်ပြားသွားစေရန်အတွက် မိမိအနေဖြင့် အာမခံကြောင်း၊ ပြိုင်ပွဲပြီးဆုံးသည်နှင့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်မှုများပြုလုပ်မည့် မြန်မာ ယူ-၂၀ အသင်းထံသို့ ပြန်လည်စေလွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း မိမိတို့ အဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၁၅ခုနှစ် မေလနှင့် ဇွန်လများတွင် ပြိုင်ပွဲ ၃ရပ်သို့ အသင်း (၃)သင်းဖွဲ့၍ စေလွှတ် ယှဉ်ပြိုင်ရမည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း၊ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလားမှာ မေလ ၃ဝမှ ဇွန်လ ၂ဝရက်နေ့ အထိလည်းကောင်း၊ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်မှာ ၂၀၁၅ခုနှစ် ဇွန်လတွင် လည်းကောင်း၊ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ လည်း ၂၀၁၅ခုနှစ် ဇွန်လတွင် လည်းကောင်း အချိန်တူ ကျရောက်နေသဖြင့် မြန်မာ့ လက်ရွေးစင်၊ မြန်မာယူ-၂၃၊ မြန်မာ ယူ-၂၀ စသဖြင့် ၃သင်းဖွဲ့စည်း ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့အတူ အာရှ ယူ-၂၂ ခြေစစ်ပွဲကိုလည်း ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၀ အသင်းကိုသာ ဝင်ရောက်ယှဉ်ပြိုင် ကစားစေရန် ရည်မှန်းထားကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။