လာအိုကို ဆီမီးတွင် ဖြုတ်ချပြီး မြန်မာယူ-၁၆ အာဆီယံ ချန်ပီယံရှစ် ဗိုလ်လုပွဲ ထိုင်းနှင့်တွေ့ဆုံ
August 11, 2015အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉ အသင်း အပြီးသတ် လူစာရင်း ထုတ်ပြန်
August 15, 2015မလေးရှား ယူ-၂၂ အသင်းနည်းပြချုပ် မစ္စတာ မိုဟာမက် ရာဇစ် အစ္စမေးလ် က မြန်မာ ယူ-၂၀ ၊ မြန်မာ ယူ-၂၂ ကဲ့သို့တောင့်တင်းသည့် အသင်းများနှင့် ယှဉ်ပြိုင်ရမည့် ခြေစမ်းပွဲစဉ် များမှာ ၎င်းတို့ အသင်း၏ အာရှ ယူ-၂၃ ခြေစစ်ပွဲ ပြင်ဆင်မှုအတွက် များစွာ အကျိုးရှိစေမည် ဖြစ်ကြောင်း ယနေ့ ၂၀၁၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ၊ မွန်းလွဲ (၂) နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည့် ပြိုင်ပွဲအကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် (ကိုယ်စား) MFF လက်ရွေးစင် အသင်းများ ဌာန ဒါရိုက်တာ ဦးတင်မြင့်အောင်၊ မြန်မာ ယူ-၂၀ အသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီ၊ မလေးရှား ယူ-၂၂ အသင်း နည်းပြချုပ် မစ္စတာ မိုဟာမက် ရာဇစ် အစ္စမေးလ်၊ MNL Chief Operation Officer ဦးစိုးမိုးကျော် နှင့် စာနယ်ဇင်း မီဒီယာများ စုံညီစွာ တက်ရောက် ခဲ့ကြသည်။
မလေးရှား ယူ-၂၂ အသင်း နည်းပြချုပ် မစ္စတာ မိုဟာမက် ရာဇစ် အစ္စမေး က “အာရှ ယူ-၂၃ ခြေစစ်ပွဲ အတွက် ပြင်ဆင်နေတဲ့ကျွန်တော်တို့ အသင်းအတွက် ဒီလိုမျိုး ခြေစမ်းပွဲတွေ ယှဉ်ပြိုင် ကစားခွင့်ရဖို့ စီစဉ်ပေးတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာ မြန်မာ အသင်းနည်းပြ တွေကို ကျေးဇူး တင်ပါတယ်။ ကျွန်တော် ဒီ အသင်းနဲ့ မြန်မာနိုင်ငံမှာ လာကစားတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ မြန်မာ ယူ-၂၀ အသင်းနဲ့ မြန်မာ ယူ-၂၂ အသင်းတွေဟာ တောင့်တင်းတဲ့ အသင်းတွေ ဖြစ်တာကြောင့် ကျွန်တော့်အသင်း အခုလို ခြေစမ်းပွဲ လာကစား ခွင့်ရတာ အာရှ ယူ-၂၃ ခြေစစ်ပွဲ ပြင်ဆင်မှုအတွက်အများကြီး အကျိုးရှိပါတယ်။ မလေးရှားနဲ့ မြန်မာ အသင်းတွေ တွေ့တိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ပြီးတော့ ရလဒ်ပိုင်း သိပ် ကွာဟမှု မရှိပါဘူး။” ဟု ပြောကြားခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် (ကိုယ်စား) ဦးတင်မြင့်အောင် က ကျွန်တော်တို့ မြန်မာ ယူ-၂၂ အသင်းအနေနဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲ အကြို နိုင်ငံတကာ ခြေစမ်းပွဲများ ကြောင့် နည်းပြချုပ် မတက်ရောက် နိုင်ခြင်းကြောင့် ယခု သတင်းစာ ရှင်းလင်းပွဲသို့ ၎င်း တက်ရောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲ အသီးသီးမှာ ဝင်ရောက် ယှဉ်ပြိုင်မည့် အသင်း (၃) သင်း ခြေစမ်းကစား ခွင့်ရသည့်အတွက် (၃) သင်းစလုံး အတွက် များစွာ အကျိုးရှိစေမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
မြန်မာ ယူ-၂၀ အသင်း နည်းပြချုပ် မစ္စတာဂတ် က ယခု မလေးရှား ယူ-၂၂ အသင်း နှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲမှာ မြန်မာ ယူ-၂၀ အသင်း ဥရောပ ခြေစမ်းပွဲ ခရီးစဉ် မသွားခင် မြန်မာနိုင်ငံ၌ နောက်ဆုံး ခြေစမ်းကစားသည့် ပွဲဖြစ်ကြောင်း ၊ ခြေစမ်းပွဲ ဖြစ်သော်လည်း မလေးရှား ယူ-၂၂ နှင့် ပွဲအား အလေးထား ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ ယူ-၂၀ အသင်းနှင့် မလေးရှား ယူ-၂၂ အသင်း တို့ မတ်လ (၁၉) ရက်နေ့၊ ညနေ (၄) နာရီတွင် သုဝဏ္ဏ အားကစားကွင်း (Y.T.C) ၌ လည်းကောင်း၊ မြန်မာ ယူ-၂၂ အသင်းနှင့် မလေးရှား ယူ-၂၂ အသင်း တို့ မတ်လ (၂၂) ရက်နေ့၊ ညနေ (၄) နာရီတွင် သုဝဏ္ဏ အားကစားကွင်း (Y.T.C) ၌ပင် လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲများ အတွက် ကြိုတင် လက်မှတ်များကို ၁၈-၃-၂၀၁၅ ရက်နေ့နံနက် ၉း၃၀ နာရီ မှ ညနေ ၄ နာရီထိ အောင်ဆန်းကွင်း၊ ပဒုမ္မာ ကွင်း နှင့် MFF ရုံးတွင်လည်းကောင်း၊ ၁၉-၃-၂၀၁၅ ရက်နေ့တွင် နံနက် ၉း၃၀ နာရီမှ စပြီး အောင်ဆန်းကွင်း နှင့် MFF ရုံးတွင် လည်းကောင်းကြို တင် ရောင်းချ ပေးသွားမည် ဖြစ်သည်။ ယင်းခြေစမ်းပွဲ များ၏ ကွင်းဝင်ကြေး လက်မှတ်များအား အထူးတန်း (၃၀၀၀) ကျပ်နှင့် ရိုးရိုးတန်း (၁၀၀၀) ကျပ်ဖြင့် ပရိသတ်များ ဝယ်ယူ ကြည့်ရှုနိုင်မည် ဖြစ်သည်။