ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၅ ပြိုင်ပွဲအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ အလှူငွေ ကျပ် သိန်း(၁၀၀) လှူဒါန်း
August 10, 2015လာအိုကို ဆီမီးတွင် ဖြုတ်ချပြီး မြန်မာယူ-၁၆ အာဆီယံ ချန်ပီယံရှစ် ဗိုလ်လုပွဲ ထိုင်းနှင့်တွေ့ဆုံ
August 11, 2015နိုင်ငံတကာ ခြေစမ်းပွဲစဉ် အဖြစ် မြန်မာ ယူ-၂၀ အသင်းနှင့် မလေးရှား ယူ-၂၂ အသင်းတို့ ၂၀၁၅ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ညနေ (၄) နာရီတွင် သုဝဏ္ဏ အားကစားကွင်း (Y.T.C) ၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၂၀ အသင်းကခြေစွမ်းအသာဖြင့် ကစားကာ မလေးရှား ယူ-၂၂ အသင်းကို (၃) ဂိုး၊ (ဝ) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။
အဆိုပါ ခြေစမ်းပွဲစဉ်တွင် မြန်မာ ယူ-၂၀ အသင်းသည် နန္ဒကျော်၊ သန်းပိုင်၊ အောင်သူ၊ ငြိမ်းချမ်းအောင်၊ မောင်မောင်စိုး အစရှိသည့် အဓိက ကစားသမား အစုံအလင် ဖြင့် ပွဲထွက်လာခဲ့ပြီး မလေးရှား ယူ-၂၂ အသင်းကလည်း အတောင့်တင်းဆုံး ပွဲထွက်လူစာရင်း ဖြင့် အိမ်ရှင် အသင်းကို ရင်ဆိုင်ကစား ခဲ့သည်။ ပွဲစ, စ ချင်းမှာ ပင် မြန်မာယူ-၂၀ အသင်း ကစားကွက် အသာစီးဖြင့် မလေးရှား အသင်းဘက်သို့ တရစပ် ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့သည်။ မြန်မာယူ-၂၀ အသင်းအတွက် အဖွင့်ဂိုးကို နံပါတ် (၁၀) တိုက်စစ်မှူး သန်းပိုင် က ပွဲချိန် (၁၄) မိနစ်တွင် သွင်းယူခဲ့သည်။ ယင်းနောက် မြန်မာ အသင်းကပင် ဆက်လက် ထိုးဖောက်ကစား ခဲ့ရာ ပွဲချိန် (၄၃) မိနစ်တွင် နံပါတ် (၆) ကျော်မင်းဦး က (၁၈)ကိုက်စည်းအတွင်း သပ်သပ်ရပ်ရပ် ကန်သွင်းယူခဲ့သည်။
ဒုတိယပိုင်း တွင်လည်း အချိန်အတော် များများ မြန်မာ ယူ-၂၀ အသင်းကပင် ပိုမို တိုက်စစ်ဆင် ထိုးဖောက် ကစားနိုင်ခဲ့ပြီးပွဲချိန် (၅၀) မိနစ်တွင် နံပါတ် (၉) အောင်သူ က အသင်းအတွက် တတိယဂိုး သွင်းယူခဲ့သည်။ လက်ကျန် ပွဲချိန်များတွင် မလေးရှား ယူ-၂၂ အသင်း ချေပဂိုး ရရှိရေး အစွမ်းကုန် တိုက်စစ်မြှင့်တင် ကစားခဲ့သော်လည်း မြန်မာ ယူ-၂၀ အသင်း၏ စုဖွဲ့မှု ကောင်းကောင်းဖြင့် ပြန်လည်တုံ့ပြန် ထိန်းချုပ် ကစားခဲ့မှုကြောင့် ဂိုးမသွင်းယူ နိုင်ခဲ့သဖြင့် မြန်မာ ယူ-၂၀ အသင်း(၃-ဝ) မလေးရှား ယူ-၂၂ အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
မလေးရှား ယူ-၂၂ အသင်းသည် မတ်လ (၂၂) ရက်၊ ညနေ (၄) နာရီတွင် သုဝဏ္ဏ အားကစားကွင်း ၌ပင် မြန်မာ ယူ-၂၂ အသင်းနှင့် နောက်ထပ် ခြေစမ်းပွဲ ထပ်မံ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှားယူ-၂၂ အသင်း နည်းပြချုပ် မစ္စတာ မိုဟာမက် ရာဇစ် အစ္စမေးလ် က နောက်လာမည့် မြန်မာ ယူ-၂၂ အသင်းနှင့် ပွဲစဉ်တွင် ယခု မြန်မာ ယူ-၂၀ အသင်းနှင့် ကစားခဲ့သည့် ပွဲနှင့် မတူညီသည့် ကစားဟန်ဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။