ခြေစွမ်းအသာဖြင့် မြန်မာ ယူ-၂၀ အသင်း မလေးရှား ယူ-၂၂ အား ဂိုးပြတ် အနိုင်ယူ
August 11, 2015ခြေစမ်းပွဲများမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲ ပြင်ဆင်မှုအတွက် အကျိုးရှိဟု မလေးရှား ယူ-၂၂ နည်းပြချုပ် ပြောကြား
August 11, 2015မြန်မာ ယူ-၁၆ အသင်းသည် ၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဆီမီးဖိုင်နယ် ပွဲစဉ် (၁)အဖြစ် သြဂုတ်လ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၃) နာရီတွင် လာအို ယူ-၁၆ အသင်းနှင့် ဗိုလ်လုပွဲ တက်ရောက်ရေး အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ (၁) ဂိုး၊ ဂိုးမရှိ ဖြင့်အနိုင်ရယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ် (၂) တွင် သြစတြေးလျ ယူ-၁၆ အသင်းကို ဖြုတ်ချနိုင်ခဲ့သည့် ထိုင်းယူ-၁၆ အသင်းနှင့် ဗိုလ်လုပွဲ၌ ထိပ်တိုက်ယှဉ်ပြိုင် ကစားတော့မည် ဖြစ်သည်။
ယနေ့ပွဲတွင် မြန်မာအသင်းသည့် တိုက်စစ်အသားပေး နေရာစုံ အပြန်အလှန် စုပေါင်းဖြည်ဆည်း ကစားသည့် ( Total Football) နည်းဗျူဟာ အသုံးပြုပြီး လာအိုအသင်းကို ရင်ဆိုင် ကစားခဲ့သည်။ ပွဲစ, စချုင်းမှာပဲ မြန်မာအသင်း တိုက်စစ်ဖွင့်ခဲ့ပြီး လာအိုအသင်းဘက်သို့ တရစပ် ဖိကစားခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း လာအိုအသင်း ဘက်သို့ ဂိုးပေါက်ခြိမ်းခြောက်မှု အတော်များများ ပြုလုပ်နိုင်ခဲ့သည်။ ပွဲချိန် (၃၂) မိနစ်တွင် ဘယ်ခြမ်းမှ ဖြတ်တင်ပေးပို့ မှုအား ကွင်းလယ် ကစားသမားနံပါတ် (၈) ပြည့်စုံနိုင် ခြောက်ကိုက်စည်းထိပ် မှ အမှားအယွင်း မရှိ ကန်သွင်းယူခဲ့ သဖြင့် မြန်မာယူ-၁၆ အသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။
ဒုတိယပိုင်းတွင် လာအိုအသင်း တိုက်စစ်ပိုမို မြှင့်တင်ပြီး ချေပဂိုး ရရှိရေး အပြင်းအထန် ကြိုးပမ်းလာရာ ပွဲမှာ ပထမပိုင်း ကထက် ပိုမိုကြည့်ကောင်းခဲ့သည်။ လာအိုအသင်း ဂိုးပေါက်ခြိမ်းခြောက်မှု များ ပိုမိုများလာခဲ့ သော်လည်း မြန်မာ ကစားသမားများ နှင့် ဂိုးသမားကာကွယ် ဖျက်ထုတ်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းမှာ ကစားသမား များ အပိုင် အခွင့်အရေးများ ဖြုန်းတီးမှုများ များကြောင့် နောက်ထပ် ဦးဆောင်ဂိုးများနှင့် လွဲချော်ခဲ့သည်။ လက်ကျန် ပွဲချိန်များတွင် မြန်မာအသင်း လူစားလဲမှုများပြုလုပ်ပြီး ပွဲကို ထိန်းချုပ်ကစား ခဲ့ရာ လာအိုအသင်း ချေပဂိုးများ သွင်းယူနိုင်ခြင်း မရှိတော့သည် အတွက် လာအို ယူ-၁၆ အသင်း(ဝ-၁) မြန်မာ ယူ-၁၆ အသင်းရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
အဆိုပါ ပွဲအပြီး မြန်မာစံတော်ချိန် ညနေ (၆) နာရီတွင် ကျင်းပသည့် သြစတြေးလျ ယူ ၁၆ နှင့် ထိုင်းယူ-၁၆ တို့ ပွဲတွင် ထိုင်းအသင်း ခြေစွမ်းပြပြီး (၃) ဂိုး၊ (၂) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ လာအိုနှင့် သြစတြေးလျ တို့၏ တတိယ နေရာလုပွဲအား သြဂုတ်လ (၉) ရက်နေ၊ မြန်မာစံတော်ချိန် ညနေ (၃) နာရီတွင် ကမ္ဘောဒီးယား နိုင်ငံ၊ ဖနွမ်ပင်မြို့၊ အိုလံပစ် အားကစားကွင်း၌ ကျင်းပသွားမည် ဖြစ်ကာ ဗိုလ်လုပွဲ အား ယင်းနေ့ မြန်မာစံတော်ချိန် ညနေ (၆) နာရီ တွင် ကျင်းပသွားမည် ဖြစ်သည်။