ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းလူစာရင်း ထုတ်ပြန်
August 15, 2015မျိုးဆက်သစ် MNL Match Commissioner (MC) သင်တန်းဖွင့်လှစ်
August 17, 2015မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှုးကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များမှ ပွဲစဉ် (၁)ပွဲဖြစ်သော ရတနာပုံ အသင်းနှင့်မကွေး အသင်းတို့သည်ယနေ့ညနေ(၄)နာရီ အချိန်တွင် မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် ယှဉ်ပြိုင်ကစား သွားခဲ့ကြသည်။
အဆိုပါ ပွဲစဉ်တွင် မကွေးအသင်း သည်ရတနာပုံ အသင်းကို ခြေစွမ်းအသာမရရှိပဲ အပြတ်အသတ် အရှုံးပေး ခဲ့ရသည်။ ရတနာပုံ အသင်း အတွက် အဖွင့်ဂိုးကို ပွဲကစားချိန် (၃၆)မိနစ်တွင် ရှိုင်းသူရ၏ ဖန်တီးပေးမှုမှတဆင့် အောင်သူက လှလှပပ အဆုံးသတ်ပြီး အဖွင့်ဂီုးကို သွင်းယူပေးနိုင်ခဲ့သည်။ ပွဲကစားချိန် (၃၈) မိနစ်တွင်တော့ မကွေးအသင်းတိုက်စစ်မှုး ဆယ်လာက ရတနာပုံ အသင်းနောက်ခံလူ သက်နိုင်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သောကြောင့် ကွင်းလယ်ဒိုင်မှ တိုက်ရီုက် အနီကဒ်ပြကာထုတ်ပယ်ခဲ့သည်။
ပွဲကစားချိန်(၄၂)မိနစ်တွင် လည်းရတနာပုံ အသင်းတိုက်စစ်မှုး ကိသ်က လှလှပပ အဆုံးသတ်ပြီး ဒုတိယ အနိုင်ဂိုးကို သွင်းယူပေး နိုင်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးသွားခဲ့သည်။ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရတနာပုံ အသင်းသည် ကစားသမား တစ်ယောက်အသာဖြင့် မကွေးအသင်းကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီး အနိုင်ဂိုးများကို ပွဲကစားချိန်(၅၁)မိနစ်တွင် ကိသ်၊မိနစ်(၆၀)တွင် လူစားဝင် ကစားတိုက်စစ်မှုး ယောင်ဂျီဆွန်း၊(၆၄)မိနစ်တွင် ကိသ်မှထပ်မံ၍ လည်ကောင်း ၊ပွဲကစားချိန်(၆၇)မိနစ်တွင် အောင်သူမှ လည်းကောင်း အသီးသီးသွင်းယူပေးခဲ့ပြီး မကွေးအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
အခြား ဆီမီးပွဲစဉ်တွင် ဧရာဝတီ ယူနိုက်တက် အသင်းက ရခိုင် ယူနိုက်တက် အသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယ အကျေ့ ဆီမီး ပွဲစဉ်အတွက် အားသာချက် ရရှိသွားခဲ့သည်။ ဧရာဝတီနှင့် ရခိုင်တို့ ဒုတိယ အကျေ့ာ ဆီမီးဖိုင်နယ် ပွဲစဉ်ကို အောင်ဆန်းကွင်းတွင် သြဂုတ်လ ၂၀ ရက်နေ့ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။