
ခြေစမ်းပွဲများမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲ ပြင်ဆင်မှုအတွက် အကျိုးရှိဟု မလေးရှား ယူ-၂၂ နည်းပြချုပ် ပြောကြား
August 11, 2015
ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းလူစာရင်း ထုတ်ပြန်
August 15, 2015သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၄ ရက်ထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း၏ အပြီးသတ် လူစာရင်းကို နည်းပြချုပ် ဂတ်ဆီဇီက ထုတ်ပြန် လိုက်ပြီ ဖြစ်သည်။
ကစားသမား ၂၀ ဦးသာ ပါဝင်သည့် အဆိုပါ လူစာရင်းတွင် လိဂ် – ၁ လူငယ် ပြိုင်ပွဲဝင် MFF Youth အသင်းမှ ကစားသမား ၄ ဦးဖြင့် အများဆုံး ပါဝင်ပြီး ရတနာပုံမှ ၃ ဦး၊ ဟော်ရိုက်ဇွန်၊ ဇွဲကပင်၊ ဧရာဝတီနှင့် မကွေး တို့မှ ၂ ဦးစီ၊ မနောမြေ၊ မြဝတီ၊ ရန်ကုန်၊ ဆောက်သမ်း၊ ဇေယျာရွှေမြေ တို့မှ တစ်ဦးစီ ပါဝင်နေသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စု(ခ)တွင် စင်ကာပူ၊ အရှေ့တီမော၊ ဗီယက်နမ်၊ မလေးရှား စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာ အသင်းသည် အဖွင့်ပွဲတွင် စင်ကာပူ အသင်းနှင်စတင် ရင်ဆိုင်ရမည် ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း၏ လူစာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ဂိုး – စိုးအာကာ (ဇွဲကပင်)၊ ဘုန်းသစ္စာမင်း (MFF Youth)။
နောက်တန်း – ချမ်းမြေ့ထွန်း၊ ဝင်းမိုးကျော် (မကွေး)၊ ကျော်သူထွန်း၊ ကျော်သက်ဦး (ရတနာပုံ)၊ ရဲရင့်အောင်၊ စိုးမိုးထွန်း (MFF Youth)၊ လွင်မင်းသန့် (ဟော်ရိုက်ဇွန်)၊ သူရိန်စိုး (ရန်ကုန်)။
အလယ်တန်း – ဈာနေယျသူ (MFF Youth)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊ စိုးလွင်လွင် (မနောမြေ)၊ အောင်ဖြိုးဖြိုး (ဧရာဝတီ)၊ စစ်မင်း (ဇေယျာရွှေမြေ)။
ရှေ့တန်း – အောင်ကောင်းမာန် (ဧရာဝတီ)၊ အောင်ဇော်ဖြိုး (ဟော်ရိုက်ဇွန်)၊ အောင်ဇော်ဖြိုး (ရတနာပုံ)၊ ကောင်းချစ်နိုင် (ဆောက်သမ်းမြန်မာ)၊ အာကာ (မြဝတီ)။