မကွေးကို ဂိုးပြတ်အနိုင်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတက်ရန် ရတနာပုံ အသင်း အခွင့်သာခဲ့
August 15, 2015ရေဘေးအလှူ ရန်ပုံငွေအဖြစ် မြန်မာ့ လက်ရွေးစင်နှင့် နယူးဇီလန် လက်ရွေးစင် ခြေစမ်းပွဲကျင်းပမည်
August 17, 2015မြန်မာ့ ဘောလုံးလောက အတွက် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်ဖြစ်သည့် ပြိုင်ပွဲကြီးကြပ်သူ Match Commisioner (MC) မျိုးဆက်သစ် ပေါ်ထွန်းလာရေး ရည်ရွယ်ဖွင့်လှစ်သည့် MNL Match Commissioner (MC) Course 2015 သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မနက် ၁၀ နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအေ ဝး ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ MC သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်ဖွင့်လှစ် ခဲ့ပြီး အနာဂတ်တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲ ကြီးကြပ်သူများ အာရှအဆင့် ပြိုင်ပွဲများသို့ သွားရောက် တာဝန်ထမ်းဆောင်နိုင်ရေး၊ အာရှ ဘောလုံး အဖွဲ့ချုပ် ပြိုင်ပွဲ အရပ်ရပ်တွင် အရည်အချင်း ပြည့်ဝသည့် MC များအဖြစ် နိုင်ငံတကာ က လေးစားရသည့် ပြိုင်ပွဲကြီးကြပ်သူများ ဖြစ်လာရေး၊ ယခု သင်တန်းမှ တစ်ဆင့် လာမည့် ပြည်တွင်း ပြိုင်ပွဲများ တွင် အရည်အချင်းပြည့်မီစွာ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် သင်တန်းအား စနစ်တကျ အာရုံစိုက် လေ့လာ သင်ကြား ကြရန် အဖွင့်အမှာစကား တွင်တိုက်တွန်းပြောကြား သွားခဲ့သည်။
MC သင်တန်းအား ယခင်နှစ်ကလည်း ဖွင့်လှစ်ပေးခဲ့ပြီး ယခုနှစ်အတွက် ပထမဆုံး ဖွင့်လှစ်ခြင်း ဖြစ်သည်။ သင်တန်းသို့ သင်တန်းသား ၃၆ ဦး တက်ရောက်သင်ယူ လျက်ရှိပြီး အာဆီယံ ဘောလုံး အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဧည့်သင်ကြားဆရာ များကပို့ချ သြဂုတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ စာတွေ့ လက်တွေ့ပို့ချ ပေးလျက်ရှိသည်။ မြန်မာ့ ဘောလုံး လောကတွင် ပြိုင်ပွဲကြီးကြပ်သူ MC နှင့် ပြိုင်ပွဲညှိနှိုင်းရေး မှူး GC အဖြစ် ပြည်ပသို့ သွားရောက်တာဝန် ထမ်းဆောင်သူများမှ ဦးတင်အောင် (လက်ရှိ MFF ဒုတိယ ဥက္ကဋ္ဌ)နှင့် ဦးကိုကိုသိန်း (လက်ရှိ MFF တွဲဖက် အထွေထွေ အတွင်းရေးမှူး)တို့ နှစ်ဦးသာ ရှိသေးသည်။