မျိုးဆက်သစ် MNL Match Commissioner (MC) သင်တန်းဖွင့်လှစ်
August 17, 2015MFF ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရန် နောက်ဆုံးရက်အထိ အမည်စာရင်း ပေးသွင်းသူမရှိခဲ့
August 26, 2015မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းကမ်းလှမ်းမှု အဖြစ် နယူးဇီလန် လက်ရွေးစင် ဘောလုံး အသင်းသည် မြန်မာ့ လက်ရွေးစင် အသင်းနှင့် စက်တင်ဘာ (၇)ရက်နေ့တွင် ရန်ကုန်မြို့သို့ ခြေစမ်းပွဲ လာရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ခြေစမ်းပွဲမှ ရရှိသော ကွင်းဝင်ကြေးများနှင့် လှူဒါန်းမှု များအား ရေဘေးဒဏ်ခံ မိသားစုများ သို့ထောက်ပံ့ လှူဒါန်းသွား မည်ဖြစ်ရာ အဆိုပါ ခြေစမ်းပွဲ ဖြစ်မြောက်ရေး အတွက် မြန်မာနိုင် ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် နယူးဇီလန် နိုင်ငံသံရုံးမှ Deputy Head of Mission မစ္စတာ စတီဖင်ဝမ် တို့သည် ယနေ့ မနက် (၁၁း၀၀)နာရီက YTC ကွင်း အစည်းအဝေး ခန်းမတွင် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
နယူးဇီလန် လက်ရွေးစင် ဘောလုံးအသင်းသည် သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့သို့ ရောက်ရှိ လာမည်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားရန် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် နယူးဇီလန် သံရုံးတာဝန်ရှိသူများသည် နယူးဇီလန် အသင်းနှင့် မြန်မာ အသင်းတို့ ခြေစမ်းပွဲမှ ရရှိသော ကွင်းဝင်ကြေး အားလုံးအပြင် အခြားလှူဒါန်းမှု များကိုလည်း ရေဘေးသင့် ပြည်သူများထံ လှူဒါန်းသွားရေး၊ ခြေစမ်းပွဲ မကစားမီ မြန်မာ့ လက်ရွေးစင်ဟောင်းများ၊ ရုပ်ရှင်ဂီတ အနုပညာရှင်များ၊ နယ်ပယ် အသီးသီးမှ ထင်ရှားသူများ၊ ယူ-၂၀၊ ယူ-၂၃ ကစားသမားများ ပါဝင်ကစားကြမည့် ခြေစမ်းပွဲနှင့် အခြား အနုပညာ တင်ဆက်ဖျော်ဖြေမှု များနှင့် ပရိသတ်အား ဖျော်ဖြေရေး၊ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ရေး၊ ခြေစမ်းပွဲ လက်မှတ်များ ကြိုတင်ရောင်းချ ရေးနှင့် အခြားသော ခြေစမ်းပွဲဖြစ်မြောက်ရေး လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အစီအစဉ်အား နယူးဇီလန် တာဝန်ရှိ သူများကလည်း သဘောတူ လက်ခံခဲ့ကြပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။
မြန်မာ ယူ၂၀၊ ယူ၂၃ အသင်းတို့မှ ကစားသမားများ ပါဝင်လာကြသည့် မြန်မာ့ လက်ရွေးစင် အသင်းသည် ယခုလတွင် ယူအေအီး လက်ရွေးစင် အသင်းနှင့် ခြေစမ်းပြီးနောက် နယူးဇီလန် လက်ရွေးစင် အသင်းနှင့် စက်တင်ဘာ (၇)ရက်နေ့ YTC ကွင်းတွင် ထပ်မံ ခြေစမ်းကစားမည် ဖြစ်သည်။ မြန်မာ-နယူးဇီလန် ခြေစမ်းပွဲ လက်မှတ်ရောင်းချမှု အစီအစဉ်များနှင့် အခြားသော သတင်း အချက်အလက် များကို အချိန်နှင့် တပြေးညီဆက်လက် ထုတ်ပြန်ပေး သွားမည်ဖြစ်သည်။