ရေဘေးအလှူ ရန်ပုံငွေအဖြစ် မြန်မာ့ လက်ရွေးစင်နှင့် နယူးဇီလန် လက်ရွေးစင် ခြေစမ်းပွဲကျင်းပမည်
August 17, 2015မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ
August 26, 2015မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရွေးချယ်ရေးကော်မရှင်မှ တရားဝင်သတ်မှတ်ထားသည့် ဥက္ကဋ္ဌလောင်းအဖြစ်ရွေးချယ်ခံလိုသော ကိုယ်စားလှယ်စာရင်းအဆိုပြုတင်သွင်းရမည့် နောက်ဆုံးနေ့ရက်မှာ ယနေ့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့ဖြစ်သော်လည်း ယနေ့ညနေ (၅) နာရီအထိ မည်သူတစ်ဦးတစ်ယောက်မှ လာရောက်စာရင်းပေးသွင်းခြင်း မရှိခဲ့ပဲ လက်ရှိ MFF ဥက္ကဋ္ဌဦးဇော်ဇော် အနေဖြင့်သာ တစ်ကျော့ပြန် MFF ဥက္ကဋ္ဌ ရာထူးအတွက်ဝင်ရောက်ရွေးချယ်ခံရန် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ MFF ရွေးကောက်ပွဲကော်မရှင်သို့ စာရင်တင်သွင်းခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ MFF ဥက္ကဋ္ဌရွေးကောက်ရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဇော်မင်းစိန်က “ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ဥက္ကဋ္ဌလောင်းအဖြစ် ရွေးချယ်ခံလိုတဲ့ အမည်စာရင်းကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ အဆိုပြုတင်ပြဖို့ အတွက် ပြီးခဲ့တဲ့လ (၂၇) ရက်နေ့ကတည်းက တစ်လတိတိ အချိန်ပေးကြေညာခဲ့ပြီးတော့ ဒီနေ့ သတ်မှတ်နောက်ဆုံးရက်အထိ တစ်ဦးတစ်ယောက်မှ အဆိုပြုစာရင်းပေးသွင်းခဲ့ခြင်း မရှိပါဘူး။ လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်တစ်ဦးတည်းသာ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ခံ တာဝန်ထမ်းဆောင်လိုကြောင်း တင်ပြလာပါတယ်။ ကျွန်တော်တို့ ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း ရွေးချယ်ခံလိုတဲ့ ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေအတိုင်း စိစစ်ပြီးရင် ဆယ်ရက်အကြာမှာ ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို တရားဝင်ထုတ်ပြန် ကြေညာပေးမှာပါ။ မူလသတ်မှတ်ကြေညာထားတဲ့အတိုင်းပဲ လာမယ့် စက်တင်ဘာ (၂၆) ရက်နေ့မှာ MFF ညီလာခံခေါ်ပြီး ထပ်မံရွေးချယ်ခံလိုတဲ့ ဦးဇော်ဇော် တစ်ဦးတည်းရှိလို့ အပြိုင်မဲပေးရွေးချယ်မှု မလုပ်တော့ပဲ ညီလာခံရဲ့ အတည်ပြုချက်ရယူပြီး သူ့ကိုပဲ လာမယ့် သက်တမ်းသစ်အတွက် ဥက္ကဋ္ဌအဖြစ် အတည်ပြုကြေညာသွားမှာပါ။”ဟု ရှင်းလင်းပြောကြား ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ညီလာခံနှင့် MFF ဥက္ကဋ္ဌရွေးကောက်ပွဲကို လာမည့် စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကျင်းပသွား မည်ဖြစ်ပါသည်။