AFF Awards Night 2015
August 26, 2015မြန်မာနှင့် ခြေစမ်းမည့် နယူးဇီလန် အသင်းလူစာရင်း ထုတ်ပြန်
August 30, 2015မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ကူဝိတ်နှင့် ကစားရမည့် ဖီဖာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အဆုံးသတ် ဂိုးသွင်းသေချာရန် အဓိက လိုအပ်ကြောင်း နည်းပြချုပ် အေဗရာမိုဗစ်ချ်က သုံးသပ်ပြောကြားလိုက်သည်။ မြန်မာ အသင်းသည် ယမန်နေ့ညက ယူအေအီး လက်ရွေးစင် အသင်းနှင့် ခြေစမ်းရာတွင် အပိုင်ဂိုးသွင်းခွင့်များ ဆုံးရှုံးခဲ့ ရပြီး အိမ်ရှင်ကို (၁-ဝ)ဂိုးဖြင့်အရေးနိမ့် ခဲ့ပြီးနောက် မိုဗစ်ချ်က အထက်ပါအတိုင်း သုံးသပ်လိုက်ခြင်းဖြစ်သည်။
” ဒီနေ့ ကစားသွားတဲ့ပွဲမှာ ကျွန်တော်တို့ အသင်း အပိုင်ဂိုးသွင်းခွင့် ၃-၄ ကြိမ်လောက် ရတယ်။ ကစားသမားတွေအနေနဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်တာ အသုံးမချနိုင်ခဲ့ဘူး။ ပွဲကိုအပြည့်အ၀ အာရုံစိုက်ဖို့ လိုတယ်။ ကူဝိတ်နဲ့ပွဲမှာ အဆုံးသတ် ဂိုးသွင်းသေချာဖို့ လိုတယ်။ ရတဲ့အခွင့်အရေး ရသလိုအသုံးချ ဂိုးသွင်း တတ်ဖို့လိုပါတယ်။ ကစားသမားတွေ ဒီနေ့ကြိုးစား အားထုတ်မှုကို အားရပါတယ်။” ဟု မိုဗစ်ချ်က ဆိုသည်။
မြန်မာအသင်းသည် ယူအေအီးနှင့် ခြေစမ်းပွဲတွင် တန်ပြန်တိုက်စစ်များဖြင့် အိမ်ရှင်အသင်းအား လျင်လျင်မြန်မြန် ထိုးဖောက် တိုက်စစ်ဆင် နိုင်ခဲ့ပြီး ကျော်ကိုကို၊ သီဟဇော်၊ နေလင်းထွန်း တို့ဂိုးသွင်းခွင့်များ ရရှိခဲ့ကြသည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် လာမည့် စက်တင်ဘာ ၃ ရက်နေ့တွင် ကူဝိတ် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအား ကာတာနိုင်ငံတွင် ယှဉ်ပြိုင်ကစားရန် ကာတာနိုင်ငံ ဒိုဟာ မြို့သို့ယနေ့ မွန်းလွဲပိုင်းက ရောက်ရှိလာပြီ ဖြစ်သည်။