ကူဝိတ်နှင့် ကစားရမည့် ခြေစစ်ပွဲတွင် အဆုံးသတ် ဂိုးသွင်းသေချာရန် အဓိက လိုအပ်ကြောင်း မိုဗစ်သုံးသပ်
August 29, 2015AYA Bank MFF Futsal Open Cup ဗိုလ်လုပွဲ MIC နှင့် ခေတ္တရာ ထိပ်တိုက်တွေ့ဆုံ
August 31, 2015နယူးဇီလန် အသင်းနည်းပြချုပ် အန်ထော်နီ ဟဒ်ဆန်သည် လာမည့် စက်တင်ဘာ (၇)ရက်နေ့တွင် ရန်ကုန်မြို့ YTC ကွင်းတွင် မြန်မာ့ လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင် ကစားမည့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲအတွက် Anthony Hudson ကစားသမား ၂၁ ဦးပါဝင်သည့် နယူးဇီလန် လက်ရွေးစင် အသင်းကို ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ဟဒ်ဆန်၏ နယူးဇီလန် လက်ရွေးစင် အသင်းတွင် ပြီးခဲ့သည့် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား (နယူးဇီလန်)ပြိုင်ပွဲဝင် လူငယ် ကစားသမား ၆ ဦးပါဝင်လာခဲ့ပြီး ယင်းကစားသမားများမှာ မြန်မာ့လက်ရွေးစင် အသင်းရှိ ယူ၂၀ ကစားသမားများနှင့် ဖီဖာယူ၂၀ ပွဲစဉ်များတွင် ရင်ဆိုင်ဆုံတွေ့ ခဲ့ဖူးသည့် ကစားသမားများ ဖြစ်သည်။ ပြင်သစ်ကလပ် မာဆေးအသင်း၏ Bill Tuiloma၊ Moses Dyer၊၊ နယူးဇီလန် ကလပ် ဝယ်လင်တန်၏ Clayton Lewis ၊ အမေရိကန် ကလပ် Wisconsin University အသင်းခံစစ်မှူး Sam Brotherton တို့ နယူးဇီလန် ယူ၂၀ အသင်းမှ လက်ရွေးစင်အသင်းသို့ ထပ်မံရွေးချယ်ခံခဲ့ရသည်။ နယူးဇီလန် လက်ရွေးစင်အသင်းကြီး ကစားသမား အသစ်အဖြစ် ပါဝင်လာသည့် အခြား ယူ၂၀ ကစားသမား ၂ ဦးမှာ ဝယ်လင်တန် ဖီးနစ်မှ Alex Rufer နှင့် Onehunga Sports အသင်းမှ Te Atawhai Hudson Wihongi တို့ဖြစ်သည်။
ထို့အပြင် စီနီယာ ကစားသမားများမှ နယူးဇီလန် လက်ရွေးစင် အသင်းအတွက် သွင်းဂိုး ၂၃ ဂိုးဖြင့် ဒုတိယမြောက် ဂိုးသွင်းအများဆုံး တိုက်စစ်မှူး Shane Smeltz သည်လည်း အခြားဝါရင့် ကစားသမားများ ဖြစ်ကြသည့် Jeremy Brockie, Michael McGlinchey, Marco Rojas အစရှိသည့် ကစားသမားများနှင့်အတူ ပါဝင်လာခဲ့သည်။ အသင်းခေါင်းဆောင် အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းအသင်း နောက်ခံလူ ဝင်စတန် ရိဒ်က ဦးဆောင်လာမည်ဖြစ်သည်။ ဝက်စ်ဟမ်းနှင့်အတူ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၂၅ ပွဲကစား (၆)ဂိုး သွင်းယူထားသည့် ဝင်စတန် ရိဒ်သည် ယခင်က ဒိန်းမတ်နိုင်ငံသား အဖြစ် ဒိန်းမတ် ယူ ၁၉၊ ယူ ၂၀၊ ယူ၂၁ အသင်းများတွင် ပါဝင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် နယူးဇီလန် နိုင်ငံသားအဖြစ် ၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလား (တောင်အာဖရိက)တွင် နယူးဇီလန် လက်ရွေးစင် အသင်းနှင့်အတူ ပါဝင်ကစားခဲ့သူ နောက်တန်း ကစားသမား တစ်ဦးဖြစ်သည်။
ဖီဖာ ယူ၂၀ ပြိုင်ပွဲဝင် အသင်းမှ ကစားသမား (၆)ဦး နှင့် အင်္ဂလန်၊ဂရိ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ USA ၊သြစတြေးလျ၊ တောင်အာဖရိက အခြေစိုက် ကစားသမားများ ပါဝင်လာ…
နယူးဇီလန် နည်းပြ ဟဒ်ဆန်မှာ ဘာရိန်း နိုင်ငံတွင် ယူ၂၃ အသင်း နည်းပြအဖြစ် ၂၀၁၃ ပင်လယ်ကွေ့နိုင်ငံများ ဖလား (ယူ၂၃) ချန်ပီယံဆုကို ဘာရိန်း ဘောလုံးသမိုင်း တစ်လျှောက် ပထမဆုံး ရွှေတံဆိပ် အဖြစ်ရယူပေး နိုင်ခဲ့ပြီး ဘာရိန်း လက်ရွေးစင် အသင်းကြီး နည်းပြအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ကာ အာရှ ဖလား ၂၀၁၅ ခြေစစ်ပွဲ အောင်မြင်စေခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ်တွင် နယူးဇီလန် လက်ရွေးစင် အသင်းနည်းပြ အဖြစ် ပြောင်းရွှေ့လာခြင်းဖြစ်သည်။ နယူးဇီလန် အသင်းအား တာဝန်ယူချိန်မှ စ၍ လက်ရှိ အချိန်ထိ နိုင်ငံတကာပွဲ (၆)ပွဲတွင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးထားသည်။
မြန်မာနှင့်နယူးဇီလန် တို့ခြေစမ်းပွဲသည် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ ဖြစ်သော်လည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ရေဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ရံပုံငွေ ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာလ (၇)ရက်နေ့တွင် အထူးခြေစမ်းပွဲ စီစဉ် ကစားသွားမည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းမှာ လက်တလော ကာတာနိုင်ငံတွင် ကူဝိတ်အသင်းနှင့် စက်တင်ဘာ ၃ ရက်နေ့တွင် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားရန် ရောက်ရှိလျက် ရှိသည်။
နယူးဇီလန် လက်ရွေးစင် အသင်း
(Caps/Goals/Club)
Goalkeepers
Max Crocombe (0/0/Oxford Utd, ENG)
Stefan Marinovic (1/0/ SpVgg Unterhaching, GER)
Defenders
Michael Boxall (12/0/ SuperSport Utd, RSA)
Sam Brotherton (0/0/ Wisconsin University, USA)
Thomas Doyle (1/0/ Wellington Phoenix, NZL)
Liam Higgins (0/0/ Stop Out FC, NZL)
Harshae Raniga (0/0/ Onehunga Sports, NZL)
Winston Reid (18/1/ West Ham Utd, ENG)
Themi Tzimopoulos (1/0/ PAS Giannina FC, GRE)
Midfielders
Moses Dyer (1/0/ Onehunga Sports, NZL)
Clayton Lewis (1/0/ Wellington Olympic, NZL)
Michael McGlinchey (31/3/ Wellington Phoenix, NZL)
Tim Payne (13/2/ Portland Timbers, USA)
Bill Tuiloma (8/0/ Olympique Marseille, FRA)
Te Atawhai Hudson-Wihongi (0/0/ Onehunga Sports, NZL)
Forwards
Kosta Barbarouses (28/2/ Melbourne Victory, AUS)
Jeremy Brockie (46/1/ SuperSport Utd, RSA)
Logan Rogerson (0/0/ Wellington Phoenix, NZL)
Marco Rojas (21/1/ FC Thun, SWT)
Alex Rufer (0/0/ Wellington Phoenix, NZL)
Shane Smeltz (50/23/ Sydney FC, AUS)
Management staff
Head coach: Anthony Hudson
Assistant coach: Alex Armstrong
Goalkeeper coach: Paul Gothard
Men’s U-20 coach Darren Bazeley
Manager: Rob Pickstock
Doctor: Chan Dassanayake
Head Physio: Roland Jeffery
Physio: Mark Palmer
Sports Scientist: Aidan Wivell
Technical Analyst: Jase Kim