AYA Bank MFF Futsal Open Cup ဗိုလ်လုပွဲ MIC နှင့် ခေတ္တရာ ထိပ်တိုက်တွေ့ဆုံ
August 31, 2015မြန်မာနှင့် နယူးဇီလန် ခြေစမ်းပွဲ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
September 6, 2015AYA Bank အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ (AYA Bank Futsal Open Cup 2015) ဗိုလ်လုပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့၊ ညနေ (၃) နာရီတွင် ရန်ကုန်မြို့၊ အမျိုးသားမိုးလုံလေလုံအားကစားရုံ-၁ (NIS-1) တွင် ကျင်းပခဲ့ရာ MIC အသင်းက ခေတ္တရာအသင်းကို (၁၀) ဂိုး၊ (၂) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ ချန်ပီယံဆုဖလားကြီးအားဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါ ဗိုလ်လုပွဲမတိုင်ခင် Winner အသင်းနှင့် VUC အသင်းတို့၏ တတိယနေရာလုပွဲအား မွန်းလွဲ (၁) နာရီတွင် ကျင်းပခဲ့ရာ သာမန်ပွဲချိန်အပြီး အချိန်ပိုပြီးဆုံးချိန်အထိ (၂-၂) သရေကျနေခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ Winner အသင်းကVUC အသင်းကို (၅-၃) ရလဒ်ဖြင့် အနိုင်ယူပြီးတတိယနေရာ ရရှိခဲ့သည်။
ယင်းဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ MFF မှတာဝန်ရှိပုဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။ ဆုပေးပွဲအခမ်းအနားတွင် MFF ဥက္ကဋ္ဌဦဇော်ဇော် မှ အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် MIC အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ချန်ပီယံ MIC အသင်းမှာ ဆုဖလားနှင့်အတူ တစ်ဦးချင်းရွှတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း (၃၀) ကိုလည်းကောင်း၊ ဒုတိယရရှိသည့် ခေတ္တရာအသင်းမှာ တစ်ဦးချင်းငွေတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း (၂၀) ကိုလည်းကောင်း၊ တတိယရရှိသည့် Winner အသင်းမှာ တစ်ဦးချင်းကြေးတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် (၁၅) သိန်းကိုလည်းကောင်း၊ စတုတ္ထရရှိသည့် VUC အသင်းမှာ ဆုကြေးငွေကျပ် (၁၀) သိန်းကိုလည်းကောင်း အသီးသီးချီးမြှင့်ခံခဲ့ရသည်။
ယင်းအပြင် အသန့်ရှင်းဆုံးဆုရရှိခဲ့သည့် VUC အသင်းက ကျပ် (၅) သိန်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိခဲ့သည့် Winner အသင်းမှ ကျောနံပါတ် (၁၂) ကျော်ထက်အောင် က ကျပ် (၃) သိန်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုအတွက် Winner အသင်းမှ ကျောနံပါတ် (၁၁) ငြိမ်းမင်းစိုး က ကျပ် (၃) သိန်း စသဖြင့် ချီးမြှင့်ခံခဲ့ရသည်။