မြန်မာနှင့် နယူးဇီလန် ခြေစမ်းပွဲ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
September 6, 2015မြန်မာနှင့်နယူးဇီလန် ခြေစမ်းပွဲ အလှူငွေနှင့်ကွင်းဝင်ကြေး ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ရရှိ
September 7, 2015၂၀၁၅ မြန်မာ နေရှင်နယ်လိဂ် (၂) Ooredoo MNL-II 2015 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ ညနေက အောင်ဆန်းကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆောက်သမ်း မြန်မာ အသင်းက GFA အသင်းကို (၁-၁)ဂိုး သရေ ကစားပြီး (၁၈)ပွဲ ကစား၊ ၁၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ရှုံးပွဲမရှိ စံချိန်ဖြင့် ချန်ပီယံ ဆုဖလား ဆွတ်ခူးသွား ခဲ့သည်။ Southern Myanmar FC အသင်းသည် မြန်မာ နေရှင်နယ်လိဂ် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၉ ခုနှစ် ရာသီကပင် ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ရာသီတွင် တန်းဆင်းခဲ့ရခြင်း ဖြစ်ကာ တစ်နှစ်သာ MNL-2 တွင်ကျင်လည်ပြီးနောက် MNL-1 သို့ပြန်လည် တန်းတက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်က MNL-1 မှတန်းဆင်းသွားခဲ့သည့် GFA အသင်းမှာ ပြန်လည် တန်းတက်ခွင့်ရရေး အတွက် တစ်ရာသီလုံး ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံး ၂ ပွဲအရေးနိမ့် ခဲ့မှုကြောင့် Horizon FC အသင်း၏ ကျော်ဖြတ်မှုကို ခံခဲ့ရပြီး ပြန်လည်တန်းတက်ခွင့် အိပ်မက် ပျက်ပြယ်ခဲ့ရခြင်း ဖြစ်သည်။
ဆောက်သမ်းမြန်မာ အသင်းအောင်ပွဲ ခံနေစဉ်
ပထမဆုံးအကြိမ် တန်းတက်လာသည့် Horizon FC အသင်း
အမှတ်ပေး ဇယား တတိယ နေရာမှ GFA အသင်းသည် ဒုတိယနေရာမှ Horizon FC အသင်းသာ အကယ်၍ ယနေ့ပွဲစဉ်တွင် University FC အသင်းကို အရေးနိမ့်ခဲ့ပါက ဒုတိယဆုဖြင့် နောက်နှစ် MNL-1 သို့တန်းတက် ကစားခွင့် ရရှိမည် ဖြစ်သောကြောင့် ဆောက်သမ်းမြန်မာကို အနိုင်ရရှိအောင် ကြိုးပမ်း ခဲ့သော်လည်း ကံတရားက မျက်နှာသာ မပေးခဲ့ပေ။ ပဒုမ္မာကွင်း ပွဲစဉ်တွင် ရမှတ်တူ-ဂိုးကွာခြားချက် အသာရှိ နေသော Horizon FC အသင်းက တက္ကသိုလ် University FC အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရသွားပြီး ဒုတိယ ဆုရရှိသွားခဲ့ကာ တန်းတက်သွားခဲ့သည်။
Horizon FC အသင်း အနေဖြင့် စတင်ဖွဲ့စည်းသည့် ၂၀၁၂ ခုနှစ်ကပင် မြန်မာ နေရှင်နယ်လိဂ်(၂) ပြိုင်ပွဲများ တွင်သာ ယှဉ်ပြိုင်ကစားခဲ့ ရပြီးယခုနှစ်တွင် ဒုတိယ နေရာမှ ပထမဆုံးအကြိမ် တန်းတက် ကစားခွင့် ရရှိခြင်း ဖြစ်သည်။
ချန်ပီယံဆု ရရှိခဲ့သည့် ဆောက်သမ်းမြန်မာ အသင်းက ဆုကြေး ကျပ်သိန်း (၁၅၀)၊ ဒုတိယဆု ရရှိခဲ့သည့် Horizon FC အသင်းက ဆုကြေး ကျပ်သိန်း (၁၀၀)နှင့်အတူ 2016 MNL-1 ပြိုင်ပွဲဆီသို့ တက်လှမ်းခွင့်ရရှိ ခဲ့ကြပြီး တတိယဆုရ GFA အသင်းမှာ ဆုကြေး ကျပ်သိန်း (၅၀)နှင့်အတူ MNL-2 ပြိုင်ပွဲတွင် ထပ်မံကြိုးစားရဦးမည် ဖြစ်သည်။
Ooredoo MNL-II 2015 (ပ-ဒု-တ) အသင်းများ ရာသီကုန် ရပ်တည်မှု
၁။ ဆောက်သမ်းမြန်မာ
(၁၈)ပွဲ ကစား၊ (၁၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ ရှုံးပွဲမရှိ၊ ရဂိုး (၃၇)၊ ပေးဂိုး (၆)ဂိုး၊ ရမှတ် (၄၆)
၂။ Horizon FC
(၁၈)ပွဲ ကစား၊ (၁၀)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရဂိုး (၅၄)၊ ပေးဂိုး (၁၆)ဂိုး၊ ရမှတ်(၃၈)
၃။ GFA FC
(၁၈)ပွဲ ကစား၊ (၁၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၅)ပွဲရှုံး၊ ရဂိုး (၃၈)၊ ပေးဂိုး (၁၃)ဂိုး၊ ရမှတ်(၃၆)