မြန်မာနှင့်နယူးဇီလန် ခြေစမ်းပွဲ အလှူငွေနှင့်ကွင်းဝင်ကြေး ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ရရှိ
September 7, 2015Myanmar (1-1) New Zealand (Friendly Match)
September 8, 2015မြန်မာအသင်းနှင့် နယူးဇီလန် အသင်းတို့၏ ရေဘေးသင့် ပြည် သူများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေ ပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။
မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် ဂိုးသမားအဖြစ် မျိုးမင်းလတ်၊ နောက် တန်း ကစားသမားများ အဖြစ် ဇော်လင်း၊ ကျော်ဇင် လွင်၊ ဖြိုးကိုကိုသိန်း၊ နန္ဒကျော်၊ အလယ်တန်း ကစားသမားများ အဖြစ် ရန်အောင်ကျော်၊ ကျော်မင်း ဦး၊ နေလင်း ထွန်း၊ အောင်သူ၊ သီဟဇော်၊ ရှေ့ တန်းကစားသမား အဖြစ် ကျော်ကိုကို တို့ပါဝင်ခဲ့သည်။ နယူးဇီလန် အသင်းသည် ပွဲစသည် နှင့် မြန်မာအသင်းဘက်သို့ တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ ပြီးလေး ငါးမိနစ် အတွင်း ထောင့်ကန်ဘော သုံးကြိမ်ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့သော် လည်း ဂိုးအဖြစ် သို့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ မြန်မာ အသင်းအနေဖြင့် ပထမပိုင်းတွင် တန် ပြန် တိုက်စစ်များနှင့် ထိုးဖောက်မှု များပြုလုပ်ခဲ့ပြီး ပွဲချိန် (၃၆) မိနစ်တွင် အောင်သူ၏ ပေးပို့မှုမှ တစ်ဆင့် ကျော်ကိုကို ဂိုးသမားနှင့် တစ်ဦးချင်း ကန်သွင်းခွင့် ရရှိခဲ့သော်လည်း အခွင့်အရေးကို အသုံးမချနိုင်ခဲ့သော ကြောင့် မြန်မာအသင်းဦးဆောင်ဂိုး ရရှိမည့် အခွင့် အရေးကို လွဲချော်ခဲ့ရသည်။ ပွဲချိန် ၄၂ မိနစ်တွင် နယူးဇီလန် အသင်း
ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီ တိုက်စစ်မှူး အက်ဝက်ဘ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သော ကြောင့် ပထမပိုင်း အပြီးတွင် နယူးဇီလန် အသင်း က ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံးလူစားလဲမှုများ ပြုလုပ်ခဲ့ပြီး အောင်သူနှင့် နေလင်းထွန်းတို့ အစား သန်းပိုင်းနှင့် ရဲကိုဦးတို့ ဝင်ရောက် ကစားခဲ့ သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းကစားပုံ ပိုမိုကောင်းမွန် လာခဲ့ပြီး နယူးဇီလန် အသင်းဘက်သို့ ဖိအားပေး ကစား လာနိုင်ခဲ့သည်။ ပွဲချိန် ၆၆မိနစ်တွင် မြန်မာအသင်း ကွင်းလယ်ကစားသမား သီဟဇော်က ဂိုးဧရိယာ အပြင်ဘက် မှ ကန်သွင်းပြီး မြန်မာ အသင်းအတွက် ချေပဂိုးကို ရယူပေးခဲ့သည်။ လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သည့် အတွက် တစ်ဂိုးစီ သရေဖြင့် ပွဲပြီးဆုံးခဲ့ရသည်။