
အိုလံပစ်အမျိုးသမီးအာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့် ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပ
September 13, 2015
တရုတ် (တိုင်ပေ) နှစ်ပွဲဆက်အနိုင် ရရှိပြီး ထိုင်း အုပ်စုအဖွင့်ပွဲ အနိုင်ရရှိ
September 16, 2015၂၀၁၆ အိုလံပစ်အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်များအဖြစ် ယမန်နေ့ စက်တင်ဘာလ (၁၄) ရက်နေ့၊ ညနေ (၃း၃၀) နှင့် ညနေ (၆း၃၀) နာရီတို့တွင် တရုတ်(တိုင်ပေ) နှင့် ဗီယက်နမ်၊ ဂျော်ဒန်နှင့် မြန်မာ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တရုတ်(တိုင်ပေ) နှင့် မြန်မာတို့ အသီးသီး အုပ်စုအဖွင့်ပွဲ အနိုင်ရလဒ်များ ရယူနိုင်ခဲ့သည်။
တရုတ်(တိုင်ပေ) နှင့် ဗီယက်နမ်တို့ပွဲတွင် နှစ်သင်းလုံး ဒုတိယအဆင့်ခြေစစ်ပွဲ အောင်မြင်ရေး အကြိတ်အနယ် ကြိုးစားကစားခဲ့ကြသည်။ ဗီယက်နမ်အမျိုးသမီးအသင်း ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် ဂိုးမရရှိခဲ့ပဲ တရုတ်(တိုင်ပေ)အမျိုးသမီးအသင်း မှ တစ်ချက်တစ်ချက် ထိုးဖောက်တိုက်စစ်ဆင်မှုများကြောင့်လည်း ဗီယက်နမ် နောက်တန်း မကြာခဏ အလုပ်ရှုပ်ခဲ့ ရသည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အဖွင့်ဂိုးရရှိရေး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြရာ ပွဲမှာ ကြည့်ကောင်းခဲ့သည်။ ပွဲချိန် (၈၅) မိနစ်တွင် မိနစ်တွင် တိုင်ပေ လူစားဝင်ကစားသမား နံပါတ် (၅) Lin Chiung-Ying မှ ဂိုးသွင်းယူခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် ဗီယက်နမ်အသင်း ပြန်လည်ချေပနိုင်ခြင်း မရှိတော့သည့်အတွက် ပွဲအပြီးတွင် တရုတ်(တိုင်ပေ)က ဗီယက်နမ်အသင်းကို (၁) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဒုတိယပွဲစဉ်အဖြစ် ဂျော်ဒန်အမျိုးသမီးအသင်းနှင့် မြန်မာအမျိုးသမီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက နံံပါတ် (၁၁) ခင်မိုးဝေနှင့် နံပါတ် (၄) ဝေေ၀အောင်တို့၏ သွင်းဂိုးများဖြင့် ဂျော်ဒန်အသင်းကို အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲတွင် မြန်မာအသင်းမှာ ဂျော်ဒန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားခဲ့ပြီး ဂိုးသွင်းခွင့်လည်း ပိုမိုရရှိခဲ့သည်။ မြန်မာအသင်းသည် စက်တင်ဘာလ (၁၆) ရက်နေ့၊ ညနေ (၆း၃၀) နာရီတွင် မန္တလာသီရိအားကစားကွင်းကြီး၌ အစဉ်အလာပြိုင်ဘက် ထိုင်းအမျိုးသမီးအသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။