တိုင်ပေနှင့် မြန်မာတို့ အိုလံပစ် အမျိုးသမီး အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အဖွင့်ပွဲစဉ် အသီးသီး အနိုင်ရရှိ
September 15, 2015ထိုင်းနှစ်ပွဲဆက် အနိုင်နှင့် ဗီယက်နမ် နိုင်ပွဲစတင်ရယူ
September 19, 2015၂၀၁၆ ဘရာဇီးအိုလံပစ် အမျိုးသမီး ဘောလုံးအာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ ဒုတိယမြောက်ပွဲနေ့ဖြစ်သည့် စက်တင်ဘာလ (၁၆) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဂျော်ဒန်နှင့် တရုတ်(တိုင်ပေ) တို့ပွဲတွင် တိုင်ပေက ဂျော်ဒန်ကို (၃) ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့ပြီး ထိုင်းအသင်းမှာလည်း မြန်မာအသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အဖွင့်ပွဲတွင် အနိုင်ယူခဲ့သည်။
ဂျော်ဒန်အသင်းမှာ တရုတ်(တိုင်ပေ) ကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့သော်လည်း ရရှိလာသည့် အခွင့်အလမ်းများကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သည့်အတွက် ယခုကဲ့သို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ တိုင်ပေအသင်းအတွက် ဂိုးများကို နံပါတ် (၇)Chan Pi-han က ပွဲချိန် (၈) မိနစ်နှင့် နံပါတ် (၁၉) Michelle Pao က ပွဲချိန် (၄၅+၂) မိနစ် နှင့် (၆၁) မိနစ်တို့တွင် အသီးသီး သွင်းယူခဲ့သည်။အိမ်ရှင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ပွဲမှာ ဒုတိယမြောက်ပွဲနေ့၏ အကြိတ်အနယ် ရှိသည့်ပွဲဖြစ်ခဲ့ပြီး မြန်မာအသင်းမှာ စန်းစန်းမော်၊ သန်းသန်းထွေး၊ နှင့် မကြာသေးမီကမှဒဏ်ရာမှပြန်လည်ကောင်းမွန်လာခဲ့သည့် ခင်မာလာထွန်း တို့ကို ပထမပွဲထွက်လူစာရင်းမှ ချန်လှပ်ကာ ကျန် အဓိက ကစားသမား အစံုံအလင်ဖြင့် ထိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။
မကြာသေးမီက ကနေဒါ အမျိုးသမီးကမ္ဘာ့ဖလားတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ထိုင်းအသင်းမှာ အိမ်ရှင်အသင်းကို ရှိန်မနေပဲ ပြန်လည် ထိုးဖောက်ကစားခဲ့သည်။ ထိုင်းအမျိုးသမီးအသင်းအတွက် ဂိုးများကို နံပါတ် (၁၇) A.Maijarern က (၃၄) မိနစ်နှင့် (၆၉) မိနစ်တို့တွင် တစ်ဦးတည်း သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို လူစားဝင်ကစားသမား စန်းစန်းမော် က (၇၃) မိနစ်တွင် သွင်းယူပေးခဲ့သည်။
ဘရာဇီးအိုလံပစ် အမျိုးသမီး ဘောလုံးအာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ တတိယမြောက်ပွဲနေ့ဖြစ်သည့် စက်တင်ဘာလ (၁၈) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် ထိုင်းနှင့် ဂျော်ဒန်အသင်း၊ ညနေ (၆း၃၀) နာရီတွင် ဗီယက်နမ်နှင့် မြန်မာအသင်း တို့ ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။