တရုတ် (တိုင်ပေ) နှစ်ပွဲဆက်အနိုင် ရရှိပြီး ထိုင်း အုပ်စုအဖွင့်ပွဲ အနိုင်ရရှိ
September 16, 2015MFF Congress 2015 အောင်မြင်စွာ ကျင်းပပြီးစီး
September 26, 2015၂၀၁၆ ဘရာဇီးအိုလံပစ် အမျိုးသမီး ဘောလုံးအာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ တတိယမြောက်ပွဲနေ့ဖြစ်သည့် စက်တင်ဘာလ (၁၈) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်းနှင့် ဂျော်ဒန် အသင်းတို့ပွဲတွင် ထိုင်း က နံပါတ် (၁၇) A.Maijarern ၏ ပွဲချိန် မိနစ် (၃၀) တွင်သွင်းယူခဲ့သည့် တစ်လုံးတည်းသော ဂိုးဖြင့် ထိုင်းအသင်း အနိုင်ရရှိခဲ့ပြီး ညနေ (၆း၃၀) နာရီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဗီယက်နမ်အသင်းနှင့် မြန်မာအသင်းတို့ပွဲတွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို (၄) ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိပြီး ယခုပြိုင်ပွဲ၏ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။
ယခုအိုလံပစ်အာရှဇုန်ခြေစစ်ပွဲတွင် နှစ်ပွဲဆက်ရှု့ံ့းထားခဲ့သည့် ဂျော်ဒန်အသင်းသည် ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်မှေးမှိန်ခဲ့သော်လည်း ဂုဏ်သိက္ခာအတွက်ရေကုန်ရေခန်း ကစားခဲ့သဖြင့် ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ထိုင်းအသင်း၏ တိုက်စစ်ဆင်မှုအများစုကိုလည်း ဂျော်ဒန်နောက်တန်း အကောင်းဆုံး ဖျက်ထုတ်ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့သည်။ ထိုင်းအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား နံပါတ် (၁၇) A.Maijarern ၏ ပွဲချိန် မိနစ် (၃၀) တွင်သွင်းယူခဲ့ပြီး ဂျော်ဒန်အသင်း ချေပဂိုးရရှိရေး ပြန်လည်တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ဂိုးမရရှိခဲ့သဖြင့် ပွဲအပြီးတွင် ထိုင်းအသင်းက (၁) ဂိုး ဂိုမရှိဖြင့် ယခု အိုလံပစ်ခြေစစ်ပွဲ နှစ်ပွဲဆက်အနိုင်ရလဒ် ရယူနိုင်ခဲ့သည်။
အုပ်စုအဖွင့်ပွဲတွင် တရုတ်(တိုင်ပေ) အား ရှုံးနိမ်ခဲ့သည့် ဗီယက်နမ်အသင်းမှာ အိမ်ရှင်မြန်မာအသင်းကို ရှိန်မနေပဲ တိုက်စစ်ဖွင့်ပြီး လျင်လျင်မြန်မြန် ကစားသွားခဲ့သည်။ ဗီယက်နမ်အသင်းအတွက် ဂိုးများကို (၁၆) မိနစ်နှင့် (၇၄) မိနစ်တွင် နံပါတ် (၁၉) တိုက်စစ်မှူး Nhu ကလည်းကောင်း၊ ပွဲချိန် (၂၂) မိနစ်နှင့် (၄၅+၁) မိနစ်များတွင် လည်းကောင်း သွင်းယူနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအ သင်းကစားပုံ ပိုအချိတ်အဆက် ရှိလာခဲ့ပြီး တစ်ဆက်တည်း ဗီယက်နမ်အသင်းဘက်သို့ ပိုမို ထိုးဖောက်ကစားခဲ့ကာ ပွဲချိန် (၈၅) မိနစ်တွင် နံပါတ် (၄) ဝေေ၀အောင်နှင့် (၈၈) မိနစ်တွင် နံပါတ် (၁၁) ခင်မိုးေ၀ တို့မှ ချေပဂိုးများ အသီးသီး သွင်းယူခဲ့သည်။ လက်ကျန် ပွဲချိန်များတွင် နှစ်သင်းစလုံး သူတင်ကိုယ်တင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားသော်လည်း နောက်ထပ်ဂိုးများ သွင်းယူနိုင်ခြင်း မရှိတော့သည့်အတွက် ပွဲအပြီးတွင် ဗီယက်နမ်အသင်းက (၄) ဂိုး (၂) ဂိုးဖြင့် အနိုင် (၃) မှတ် ရယူသွားခဲ့သည်။
ဘရာဇီးအိုလံပစ် အမျိုးသမီး ဘောလုံးအာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ စတုတ္ထမြောက်ပွဲနေ့ဖြစ်သည့် စက်တင်ဘာလ (၂၀) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် နှင့် ဗီယက်နမ်နှင့် ဂျော်ဒန်အသင်း၊ ညနေ (၆း၃၀) နာရီတွင် တရုတ်(တိုင်ပေ) နှင့် ထိုင်းအသင်း တို့ ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။