MFF Congress 2015 အောင်မြင်စွာ ကျင်းပပြီးစီး
September 26, 2015လာအိုကို (၃-၁)ဂိုးဖြင့် မြန်မာအသင်း အနိုင်ရရှိ
October 13, 2015ဗိုလ်ချုပ် အောင်ဆန်းအား ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် ၂၀၁၅ ခုနှစ် ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ပြိုင်ပွဲကြီးတွင် ဧရာဝတီ ယူနိုက်တက် အသင်းက မြန်မာနေရှင်နယ်လိဂ် အသင်းများအနက် ပထမဆုံး ဒိုင်းဆု ရရှိခဲ့သည့် အသင်းအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးသွား နိုင်ခဲ့သည်။ ဧရာဝတီ ယူနိုက်တက် အသင်းသည် အထက်မြန်မာပြည် အင်အားကြီး ရတနာပုံ အသင်းကို ယနေ့ ညနေ (၄း၀၀)နာရီက အောင်ဆန်းကွင်းတွင် ကျင်းပသည့် ဗိုလ်လုပွဲစဉ်တွင် အထက်မြန်မာပြည် အင်အားကြီး ရတနာပုံ အသင်းကို အကြိတ်အနယ် ကစားပြီး (၁-၂)ဂိုး အနိုင်ဖြင့် ဒိုင်းဆုကြီးအား ရရှိခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဒိုင်း ပြိုင်ပွဲကြီးသည် ကာလအတန်ကြာ ငုပ်လျိုးပျောက်ကွယ်ခဲ့ရာမှ ယခု ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ကာလတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဗိုလ်ချုပ်ကို လေးစားဂုဏ်ပြုသော အားဖြင့် ရှုံးထွက်ဖလား ပြိုင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အမည်ဖြင့် ပြန်လည်ကျင်းပရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ပွဲအပြီး ကျင်းပခဲ့သည့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဇော်သိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဧရာဝတီယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဇွဲကပင်အသင်းပိုင်ရှင်ဦးလှဌေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးတင်အောင် တို့တက်ရောက်ပြီးဒိုင်းဆုရရှိသည့် ဧရာဝတီ ယူနိုက်တက်အသင်းအား ဗိုလ်ချုပ်အောင်ဆန်းဒိုင်းနှင့် တစ်ဦးချင်းရွှေတံဆိပ်ဆု၊ ဒုတိယဆုရရှိသည့် ရတနာပုံအသင်းတို့အား တစ်ဦးချင်းငွေတံဆိပ်ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဧရာဝတီယူနိုက်တက် အသင်းမှာ ဆုငွေ ကျပ်သိန်း (၃၀၀) နှင့် ဒုတိယဆုရရှိသည့် ရတနာပုံအသင်း
မှာ ကျပ်သိန်း (၁၅၀) အသီးသီး ချီးမြှင့်ခံခဲ့ရသည်။
ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် ရတနာပုံအသင်းသည် ကိသ်၊ အောင်သူ၊ စည်သူအောင်၊ရဲကိုဦး အစရှိသည့် အမာခံကစားသမား အစုံအလင် ထုတ်သုံးသွားခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းမှာလည်း ရစ်စ်တီ၊ နေလင်းထွန်း၊ ကျော်မင်းဦး စသည့် အဓိက ကစားသမားများ ကို အသုံးပြုခဲ့ပြီး ရတနာပုံအသင်းကို ရင်ဆိုင်ကစားခဲ့သည်။ပထမပိုင်းတွင် ရတနာပုံအသင်း ကစားကွက်အသာဖြင့် ဧရာဝတီယူနိုက်တက် ကို ဖိကစားခဲ့ပြီး အဖွင့်ဂိုးကို ပွဲချိန် (၂၃) မိနစ်တွင် နံပါတ် (၂၄) Moukailou က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ဧရာဝတီယူနိုက်တက်အသင်း ချေပဂိုးရရှိရေး တိုက်စစ်မြှင့်တင်ကစားခဲ့ပြီး ပွဲချိန် (၆၅) မိနစ်တွင် ဧရာဝတီယူနိုက်တက် တိုက်စစ်မှူး ရစ်စ်တီ က ချေပဂိုးသွင်းယူပေးခဲ့သည်။
ယင်းနောက် ဧရာဝတီယူနိုက်တက် အသင်းကပင် ဆက်တိုက်ဖိကစားခဲ့ရာ ပွဲချိန် (၇၂) မိနစ်တွင် နံပါတ် (၁၆) ကျော်မင်းဦး က ဒုတိယဂိုး သွင်းယူခဲ့သည်။ လက်ကျန်ပွဲချိန်များတွင် ရတနာပုံအသင်း ဝါရင့်တိုက်စစ်မှူး ရန်ပိုင်ကို ထည့်သွင်းပြီး ချေပဂိုးရရှိရန် တိုက်စစ် အစွမ်းကုန်မြှင့်တင် ကစားခဲ့သော်လည်း ဧရာဝတီယူနိုက်တက် အကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့သဖြင့် ပွဲအပြီးတွင် ဧရာဝတီ ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆုကြီးအား ရယူနိုင်ခဲ့သည်။