ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ၂၀၁၅ ပြိုင်ပွဲ ချန်ပီယံ ဒိုင်းဆုကြီးအား ဧရာဝတီ ယူနိုက်တက် ဆွတ်ခူး
September 27, 2015မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် ဂျာမန်နည်းပြ ဂတ်ဆီဇီကို ပြောင်းလဲခန့်အပ်
October 17, 2015၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်)အဖြစ် ဘန်ကောက်မြို့ ဆူပါချလာဆိုင်း အားကစားကွင်းတွင် အောက်တိုဘာ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ည(ရး၀၀)နာရီတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် လာအို လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ပွဲစဉ်တွင် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း – ကျော်ဇင်လွင်၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ ခင်မောင်လွင်၊ အလယ်တန်း- ကျော်ကိုကို၊ ရဲကိုဦး၊ ရန်အောင်ကျော်၊ လှိုင်းဘိုဘို၊ အောင်သူ၊ရှေ့တန်း – ဆမ်လန်မန် စသဖြင့် ၄-၂-၃-၁ ပုံစံ ကစားကွက်အတိုင်း ပွဲထွက်ခဲ့သည်။
ပထမပိုင်း ပွဲစပြီးမကြာမီ ပွဲချိန် ၂ မိနစ်မှာပင် လာအိုမှ Khampheng Sayavutthi က ဧရိယာအတွင်း အပြင်းကွန်သွင်းယူခဲ့သဖြင့် မြန်မာအသင်း မထင်မှတ်ဘဲ ဂိုးပေးခဲ့ရသည်။ မြန်မာအသင်း ချေပဂိုးအတွက် တစ်သင်းလုံး စုစုစည်းစည်းဖြင့် ကြိုးပမ်းလာခဲ့ရာ ၁၃ မိနစ်တွင် ဆမ်လန်မန်က လာအိုနောက်တန်း ၂ ယောက် ခုခံနေသည့်ကြားမှ အနိမ့်ဘော ကန်သွင်းပြီး မြန်မာအတွက် ချေပဂိုး ရရှိစေခဲ့သည်။ ကစားပုံ ကောင်းလာသည့် မြန်မာအသင်းသည် လာအိုအသင်းကို ကစားကွက်အသာဖြင့် ဖိအားပေး နိုင်ခဲ့ရာ ပွဲချိန် ၃၂ မိနစ်တွင် ကျော်ကိုကိုက ဒုတိယ အနိုင်ဂိုးကို သွင်းယူပေး နိုင်ခဲ့သဖြင့် ပထမပိုင်းအပြီး မြန်မာအသင်း (၂-၁)ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် အောင်သူ၊ ကျော်ကိုကိုတို့ တောင်ပံနှစ်ဖက်မှ အကြိမ်ကြိမ် ထိုးဖောက်မှု ကို လာအိုအသင်း တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ မိနစ် ၅၀ တွင် အောင်သူ၏ သွင်းဂိုးကို ခွင့်ပြုခဲ့ရကာ (၃-၁) ဂိုးဖြင့် မြန်မာက ဦးဆောင်နေခဲ့သည်။ ပွဲချိန် အတော်များများ ခြေစွမ်းပြသနိုင်သည့် အောင်သူနှင့် ဆမ်လန်မန်တို့ ယနေ့သွင်းဂိုးများသည် လက်ရွေးစင်အသင်းကြီး ပွဲစဉ်များတွင် ၎င်းတို့အတွက် ပထမဆုံး သွင်းဂိုးပင် ဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ဂိုးသွင်းခွင့် အကြိမ်များများ ရရှိသော်လည်း တိုင်ထိ ထွက်ခြင်း ဂိုးပေါက်မတည့်ခြင်း အဆုံးသတ် မသေချာမှုများကြောင့် ဂိုးထပ်မံ မရရှိတော့ဘဲ (၃-၁)ဂိုး အနိုင်ဖြင့် ပွဲပြီးခဲ့သည်။
” မြန်မာအသင်း ကစားပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲလုံး စွမ်းဆောင်မှု သိသိသာသာ ကောင်းလာပါတယ်။ ဒါပေမဲ့ အသင်းမှာ အဆုံးသတ် သေချာဖို့ လိုနေပါသေးတယ်။ ဒုတိယပိုင်း တစ်ဦးချင်း အမှားတွေ ရှိခဲ့လို့ ကစားပုံ သိပ်မကောင်းခဲ့ဘူး။ ဒီနေ့ပွဲမှာ အသင်းက ဘယ်ကစားသမားကိုမှ အကြိုက်ဆုံးလို့ မပြောချင်ပါဘူး။ တစ်ဦးချင်းစီကို အထူးချီးမွမ်းဖို့ မလိုပါဘူး။ အသင်းလိုက် အားလုံးကြိုးစားလို့ပါ။” ဟု မြန်မာအသင်း နည်းပြချုပ် ရာဒီ အဗရာမိုဗစ်ချ်က ဆိုသည်။
မြန်မာအသင်းသည် ခြေစစ်ပွဲ ပွဲစဉ် (၅)ပွဲ ကစားအပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံး၊ ရမှတ်(၄)မှတ်ဖြင့် အဆင့်(၄) နေရာတွင် ရပ်တည်လျက်ရှိသည်။