လာအိုကို (၃-၁)ဂိုးဖြင့် မြန်မာအသင်း အနိုင်ရရှိ
October 13, 2015FIFA 11 For Health ပရိုဂရမ်၏ ၂၀၁၅/၁၆ ခုနှစ် အတွက် နည်းပြဆရာ သင်တန်း ဖွင့်လှစ်
October 19, 2015မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) အနေဖြင့် မြန်မာ့ လက်ရွေးစင်အသင်း လာမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးတွင် အောင်မြင်မှု ရရှိရေး၊ ပိုမိုကောင်းမွန်သည့် ခြေစွမ်းရရှိရေး၊ ကစားသမားကောင်းများ ပေါ်ထွက် လာရေးတို့အတွက် လက်ရှိနည်းပြ အဗရာမိုဗစ် နေရာတွင် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဂျာမန် နည်းပြ ဖရိုင်းဒရစ် ဂတ်စ်ဆီဇီအား ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်ကာ အစားထိုး တာဝန်ပေး ခန့်အပ်လိုက်ပြီ ဖြစ်သည်။
MFF သည် နည်းပြဟောင်း ရာဒီ အဗရာမိုဗစ်ချ်အား လစာ(၃)လစာ ပေးအပ်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်း လိုက်ပြီး ဆာဘီးယား ကြံ့ခိုင်ရေး နည်းပြ လူကာ ကိုလည်း လစာ(၂)လစာ ပေးအပ်၍ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ မိုဗစ်ချ်သည် မြန်မာအသင်းကို ၂၀၁၄ ဖေဖော်ဝါရီမှ စတင်ကာ တာဝန်ယူခဲ့ရာတွင် ပွဲပေါင်း ၂၂ ပွဲကိုင်တွယ်ကြီးကြပ်ခဲ့ရာ နိုင်ပွဲ (၇)ပွဲ၊ သရေ (၄)ပွဲ၊ ရှုံးပွဲ (၁၁)ပွဲ ရလဒ် ထွက်ပေါ်ခဲ့သည်။
ဂျာမန်နည်းပြ ဂတ်ဆီဇီ တာဝန်ယူမည့် မြန်မာ့လက်ရွေးစင် အသင်းတွင် လက်ထောက်နည်းပြ အဖြစ် ဦးကြည်လွင် (မကွေးအက်ဖ်စီ)မှ ဆက်လက် ပူးပေါင်းတာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ်ပြီး ကြံ့ခိုင်ရေး နည်းပြတစ်ဦးကိုလည်း အမြန်ဆုံး ခန့်အပ်သွားရန် စီစဉ်လျက် ရှိသည်။
မြန်မာ့ လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ (၅း၀၀)နာရီတွင် ဟောင်ကောင်ရှိ မောင်းဂွတ် အားကစားကွင်းတွင် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် တောင်ကိုရီးယား လက်ရွေးစင် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
အဗရာမိုဗစ် လက်ထက် မြန်မာအသင်း ရလဒ်များ
2014 AFC Challenge Cup (အုပ်စုပြုတ်)
မော်လ်ဒိုက်စ် (၂-၃) မြန်မာ
မြန်မာ (ဝ-၂) ပါလက်စတိုင်း
ကာဂျစ္စတန် (၁-ဝ) မြန်မာ
၂၀၁၄ ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား (ချန်ပီယံ)
မြန်မာ (၄-၁) ပါလက်စတိုင်း
ဖိလစ်ပိုင် (၂-၃) မြန်မာ
၂၀၁၄ ဆူဇူကီးဖလား (ခြေစစ်ပွဲ) အောင်မြင်ခဲ့
မြန်မာ (ဝ-၀) အရှေ့တီမော
ဘရူနိုင်း (၁-၃) မြန်မာ
ကမ္ဘောဒီးယား (ဝ-၁) မြန်မာ
မြန်မာ (၂-၁) လာအို
၂၀၁၄ ဆူဇူကီးဖလား (အုပ်စုမှပြုတ်)
မလေးရှား (ဝ-၀) မြန်မာ
မြန်မာ (၂-၄) စင်ကာပူ
ထိုင်း (၂-ဝ) မြန်မာ
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ
လာအို (၂-၂) မြန်မာ
မြန်မာ (ဝ-၂) တောင်ကိုရီးယား
ကူဝိတ် (၉-ဝ) မြန်မာ
မြန်မာ (ဝ-၂) လက်ဘနွန်
မြန်မာ (၃-၁) လာအို
နိုင်ငံတကာ ခြေစမ်းပွဲများ
ဗီယက်နမ် (၆-ဝ) မြန်မာ
အင်ဒိုနီးရှား (၂-၁) မြန်မာ
မြန်မာ (ဝ-၁) ကမ္ဘောဒီးယား
ယူအေအီး (၁-ဝ) မြန်မာ
မြန်မာ (၁-၁) နယူးဇီလန်