မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် ဂျာမန်နည်းပြ ဂတ်ဆီဇီကို ပြောင်းလဲခန့်အပ်
October 17, 2015စီနီယာအသင်းအပြင် လူငယ်အသင်းပြိုင်ပွဲ ချန်ပီယံဆုကိုပါ ရန်ကုန် ယူနိုက်တက် ဆွတ်ခူး
October 19, 2015ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA မှ ဦးစီးပြုလုပ်သည့် ကလေးငယ်များအား အားကစားနှင့် ကျန်းမာရေး ပေါင်းစပ် ပညာပေး အစီအစဉ် FIFA 11 For Health ၏ နည်းပြဆရာ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၁၀း၀၀ နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်၊ မြန်မာနေရှင်နယ်လိဂ် C.O.O ဦးစိုးမိုးကျော်နှင့် အခြား တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ သင်တန်းသားများနှင့် မီဒီယာများ တက်ရောက် ခဲ့ကြသည်။
အဆိုပါ ပရိုဂရမ်ကို ဖီဖာ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး အခြေခံပညာ ကျောင်းများတွင် လုပ်ဆောင်လာခဲ့သည်မှာ ယခုနှစ်တွင် တတိယနှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းနည်းပြ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမပေါင်း ၂၄ ဦး တက်ရောက် သင်ကြားလျှက် ရှိပြီး သင်တန်းကာလ ငါးရက် ကြာမြင့်မည် ဖြစ်ကာ ဖီဖာမှ စေလွှတ်သည့် သင်တန်းဆရာ ၃ ဦးက သင်ကြားပေးသွားမည် ဖြစ်သည်။