MFF U13 Girls 100 PLUS Super Cup 2015 ပြိုင်ပွဲ အောက်တိုဘာ ၂၄ ရက်နေ့ စတင်ကျင်းပမည်
October 21, 2015အာဆီယံ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ရွေးချယ်ခံရ
October 24, 2015ဗီယက်နမ် နိုင်ငံတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပမည် ဖြစ်သည့် အသက် ၂၁ နှစ်အောက် နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ (International U-21 Thanh Niên Newspaper Cup 2015) ကို ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ပဏာမ လက်ရွေးစင် ယူ-၂၁ အသင်းကို ကစားသမား ၂၆ ဦးဖြင့် စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တော်ရှိ သောင်နတ် အားကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။ ဗီယက်နမ် ထိပ်သီးကလပ် ဟောင်အန်းဂယ်လိုင် ယူ-၂၁ အသင်း၊ ထိုင်း ယူ-၂၁ အသင်း၊ စင်ကာပူ ယူ-၂၁ အသင်း၊ ဗီယက်နမ် အသင်းနှင့် တောင်ကိုရီးယား ယူ-၁၉ အသင်းတို့ ယင်းပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပွဲစဉ်ဇယား ထွက်ပေါ်ခြင်း မရှိသေးပေ။
ယခုရွေးချယ် လိုက်သည့် ပဏာမ ကစားသမား စာရင်းတွင် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ယူ-၂၀ အသင်းမှ နာမည်ကြီး ကစားသမားများ ဖြစ်ကြသည့် မောင်မောင်လွင်၊ မျိုးကိုထွန်း၊ ထိုက်ထိုက်အောင်၊ နန်းဝေမင်း၊ ရန်နိုင်ဦး၊ သီဟထက်အောင် တို့ ပါဝင်လာခဲ့သလို ယူ-၂၃ အသင်းနှင့် ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူး ကောင်းဆက်နိုင်လည်း ပါဝင်လာခဲ့သည်။ ပြီးခဲ့သည့် ယူ-၁၉ အာရှ ခြေစစ်ပွဲဝင် အသင်းမှလည်း ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်၊ ရဲရင့်အောင်၊ စိုးမိုးထွန်း၊ ဇင်ဖြိုးအောင်၊ အောင်မိုးသူ၊ ထူးခန့်လွင်၊ အောင်ဇင်ဖြိုး စသည့် ကစားသမား ၈ ဦး ပြန်လည် ပါဝင်လာသည်ကို တွေ့ရသည်။
ပဏာမ မြန်မာ ယူ-၂၁ အသင်းကို အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ စခန်းသွင်း လေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်ကာ အောက်တိုဘာ ၂၇ တွင် ပြည်တွင်း ကလပ်အသင်း တစ်သင်းနှင့် ခြေစမ်းပွဲ ကစားသွားမည် ဖြစ်သည်။
မြန်မာ ယူ-၂၁ အသင်းကို ယူ-၁၆ အသင်းနှင့် အတူ အာဆီယံ ပြိုင်ပွဲတွင် ငွေတံဆိပ် ရယူပေးခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်း၏ နည်းပြချုပ်ဟောင်း အဲရစ်ဝီလျံက ကိုင်တွယ်သွားမည် ဖြစ်သည်။
ယူ-၂၁ အသင်း၏ အုပ်ချုပ်/နည်းပြ အဖွဲ့
ဦးတင်မြင့်အောင် (မန်နေဂျာ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
အဲရစ်ဝီလျံ (နည်းပြချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
ဦးညီညီလတ် (လက်ထောက်နည်းပြ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
ဦးမျိုးမင်းထွန်း (လက်ထောက်နည်းပြ၊ ရန်ကုန်ယူနိုက်တက်)
ဦးအောင်သက် (ဂိုးနည်းပြ၊ ဟံသာဝတီ ယူနိုက်တက်)
ဦးကျော်သန့်ဇင် (ဆရာဝန်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
ဦးပြည့်ဖြိုးအောင် (သူနာပြု၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
ဦးဇော်လတ် (မီဒီယာ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
ပဏာမ ယူ-၂၁ အသင်း ကစားသမားများ စာရင်း
ဂိုး – ဘုန်းသစ္စာမင်း (MFF Youth)၊ ဆန်းဆက်နိုင် (MFF Youth)၊ ဝေလင်းအောင် (ရန်ကုန် ယူနိုက်တက်)၊ ထွန်းအောင်ကျော် (Horizon)။
နောက်တန်း – ထိုက်ထိုက်အောင် (ဧရာဝတီ ယူနိုက်တက်)၊ နန်းဝေမင်း၊ သီဟထက်အောင် (ရန်ကုန် ယူနိုက်တက်)၊ နိုင်လင်းထွန်း (မကွေး)၊ ရဲရင့်အောင်၊ စိုးမိုးထွန်း (MFF Youth)၊ ကိုကိုဟိန်း (ဇွဲကပင် ယူနိုက်တက်)။
အလယ်တန်း – မျိုးကိုထွန်း (ရတနာပုံ)၊ ရန်နိုင်ဦး၊ သက်ပိုင်ဦး (ဇေယျာရွှေမြေ)၊ စွမ်းထက်အောင်၊ ထူးခန့်လွင် (ရန်ကုန် ယူနိုက်တက်လူငယ်)၊ ကျော်ဇေယျ၊ မောင်မောင်လွင် (ဟံသာဝတီ ယူနိုက်တက်)၊ အောင်ကျော်နိုင် (ဧရာဝတီ ယူနိုက်တက်)၊ လှိုင်မျိုးအောင် (ကမ္ဘောဇ)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊ အောင်မိုးသူ (MFF Youth)။
ရှေ့တန်း – အောင်ဇင်ဖြိုး (Horizon)၊ ကောင်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြေမိုး (ရခိုင် ယူနိုက်တက်)၊ သန်းဇော်ဟိန်း (မကွေး)။