ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ရန် အတွက် ပဏာမ မြန်မာ ယူ-၂၁ အသင်းကို စတင်ဖွဲ့စည်း
October 23, 2015အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေး MFF တာဝန်ရှိသူများ တက်ရောက်
October 24, 2015မလေးရှားနိုင်ငံ KUANTAN မြို့တွင် ကျင်းပလျက်ရှိသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ( Asean Football Federation -AFF)၏ ကောင်စီ အစည်းအဝေး AFF 2nd Council Meeting for the Session 2015/2016 သို့တက်ရောက်လျက် ရှိသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်သည် အဆိုပါ ကောင်စီအစည်းအဝေးတွင် ဆန္ဒပြု ရွေးချယ်မှုအရ အာဆီယံ ဘောလုံးလောက ဖွံဖြိုးတိုးတက်ရေး ကော်မတီ (AFF Development Committee) ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးခြင်း ခံရကြောင်း သတင်းရရှိသည်။
အာဆီယံ ဘောလုံးလောက ဖွံဖြိုးတိုးတက်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် MFF ဥက္ကဋ္ဌနှင့် AFF ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အတူ သြစတြေးလျနှင့် ဒေသတွင်းနိုင်ငံများမှ အဖွဲ့ဝင် (၆)ဦးပါဝင်ဆောင်ရွက်ကြမည်ဖြစ်သည်။ AFF Development Committee အတွက် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် စာရင်းမှာ –
(၁) ဥက္ကဋ္ဌ – ဦးဇော်ဇော် (မြန်မာ)
(၂) အဖွဲ့ဝင် – Mr Winston Lee (စင်ကာပူ)
(၃) အဖွဲ့ဝင် – Mr David Gallop (သြစတြေးလျ)
(၄) အဖွဲ့ဝင် – Mr Muhd Zamri Dato Hamdani (ဘရူနိုင်း)
(၅) အဖွဲ့ဝင် – Mr Kul Sophana (ကမ္ဘောဒီးယား)
(၆) အဖွဲ့ဝင် – Atty Edwin B. Gastanes (ဖိလစ်ပိုင်)
(၇) အဖွဲ့ဝင် – Mr Le Hoai Anh (ဗီယက်နမ်) တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌသည် ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်တွင်ပြုလုပ်သည့် အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်တွင် အာဆီယံ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရပြီးနောက် ယခုကဲ့သို့ ဆက်လက် တာဝန်ပေးခြင်း ခံရခြင်းဖြစ်သည်။