Myanmar (0-2) Lebanon
October 24, 2015ယူ-၁၃ မိန်းကလေး ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်တို့ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထား
October 26, 2015မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၆ အာရှ ယူ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ပွဲစဉ်များတွင် ဖြစ်ပွားခဲ့သည့် ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ပရိသတ်တစ်ဦး ကွင်းအတွင်းဝင်ရောက်ခြင်း၊ ပရိသတ်အချို့ မှ ရေဘူးဖြင့် ပစ်ပေါက်ခြင်းနှင့် ပွဲစဉ်တစ်ပွဲ္ပတွင် မီးကျည်ဖောက်ခြင်း အစရှိသည့် ဖြစ်ရပ်များအတွက် အာရှဘောလုံးအဖွဲ့ချုပ် (AFC) စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ် (MFF)အားအောက်ပါအတိုင်း အရေးယူမှုများ ပြုလုပ်ခဲ့သည်။
AFC စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူမှုများ
မြန်မာ ယူ၁၉ နှင့် ဟောင်ကောင် ယူ၁၉ ပွဲစဉ် အတွက် အရေးယူမှု
(က)အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းဥပဒေ အပိုဒ် (၆၇.၁) အရ ဒဏ်ငွေ အမေရိကန်ဒေါ်လာ (၆,၀၀၀)ပေးဆောင်ရန်
(စည်းမျဉ်းဥပဒေ အပိုဒ် (၆၇.၁)သည် ပရိသတ်နှောက်ယှက်မှုနှင့် စပ်လျဉ်းသည့် ဥပဒေဖြစ်သည်။)
(ခ) အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းဥပဒေ အပိုဒ် (၆၅) အရ ဒဏ်ငွေ အမေရိကန်ဒေါ်လာ (၄,၅၀၀)ပေးဆောင်ရန်
(စည်းမျဉ်းဥပဒေ အပိုဒ် (၆၅)သည် ပြိုင်ပွဲလုံခြုံရေး အစီအစဉ်များ ချို့ယွင်းမှုနှင့် စပ်လျဉ်းသည့် ဥပဒေဖြစ်သည်)
မြန်မာ ယူ၁၉ နှင့် ဗီယက်နမ် ယူ၁၉ ပွဲစဉ်အတွက် အရေးယူမှု
(က) အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းဥပဒေ အပိုဒ် (၆၇)အရ အမေရိကန် ဒေါ်လာ (၇၅၀၀) ပေးဆောင်ရန်။
(စည်းမျဉ်းဥပဒေ အပိုဒ် (၆၇)သည် ကွင်းအတွင်း ပရိသတ်များ အပြုအမှုနှင့် စပ်လျဉ်း၍ အိမ်ရှင် အဖွဲ့ချုပ်(သို့)ကလပ်က အပြည့်အ၀ တာဝန်ယူရသည့် ဥပဒေများဖြစ်သည်။)
(ခ) အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာ စည်းမျဉ်ဥပေဒ အပိုဒ် (၆၅)အရ အမေရိကန်ဒေါ်လာ (၇,၅၀၀)ပေးဆောင်ရန်။
(စည်းမျဉ်းဥပဒေ အပိုဒ် (၆၅)သည် ပွဲမတိုင်မီ၊ ပွဲချိန်အတွင်းနှင့် ပွဲအပြီးကာလများတွင် ပြိုင်ပွဲလုံခြုံရေး အစီအစဉ်များ အားနည်းချို့ယွင်းမှုနှင့် စပ်လျဉ်းသည့် ဥပဒေဖြစ်သည်။)
အထက်ပါ ပြစ်ဒဏ်များအတွက် မြန်မာနိုင်ငံံ ဘောလုံး အဖွဲ့ချုပ်သည် AFC သို့ စုစုပေါင်း ဒဏ်ငွေ (၄) ရပ်ပေါင်း အမေရိကန်ဒေါ်လာ (၂၅,၅၀၀) ပေးဆောင်ရမည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC ပြိုင်ပွဲ ပွဲစဉ်တစ်ပွဲ အားပရိသတ်မပါဘဲ ကစားရမည်ဖြစ်သည်။ အကယ်၍ အလားတူ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားပါက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား ပိုမိုကြီးလေးသော ပြစ်ဒဏ်အား ချမှတ်သွားမည်ဖြစ်ကြောင်း အာရှ ဘောလုံး အဖွဲ့ချုပ်က တရားဝင် အသိပေး ကြေညာခဲ့သည်။
========================================================================================================
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မြန်မာ့ဘောလုံး တိုးတက်မြင့်မား လာရေးအတွက် နိုင်ငံတကာ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး မိမိနိုင်ငံ မိမိမြေပေါ်တွင် ပရိသတ်ကြည့်ရှု့အားပေးခွင့် ရရှိရန်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိရာ အရေအတွက် အနည်းငယ်သော ပရိသတ်အချို့၏ မလိုလားအပ်သော အပြုအမှုများကြောင့် တိုင်းပြည်ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့ရမှုများ ပေါ်ပေါက်ခဲ့ရသည်။ နောင်ကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲ (ဥပမာ-ဆူဇီကီးဖလား ၂၀၁၆) ပြိုင်ပွဲများတွင် ယခုကဲ့သို့ AFC နှင့် FIFA တို့မှအရေးယူခြင်း မခံရစေရန်၊ စည်းကမ်းပြည့်ဝ၍ နိုင်ငံတကာက လေးစား ရသော ပရိသတ်များ ဖြစ်လာစေရန် ပရိသတ်များအားလုံး အချင်းချင်း အသိပညာ ပေးခြင်းဖြင့် မြန်မာ့ ဘောလုံး အနာဂတ်အတွက် ပါဝင်ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်