MNL တန်းဆင်းရမည့် အန္တာရယ်မှ လွတ်မြောက်သွားမှာ မနောမြေလား၊ ရခိုင်လား၊ နေပြည်တော်လား (သို့မဟုတ်) တစ်နှစ်ထက် တစ်နှစ်ပို၍ ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် MNL
October 26, 2015နည်းပြချုပ် ဂတ်ဆီဇီ ရွေးချယ်သည့် မြန်မာအသင်း အပြီးသတ် ၂၃ ဦးစာရင်း ထွက်ပေါ်
October 26, 2015မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့မွန်းလွဲပိုင်းက Novotel Yangon Max ဟိုတယ်တွင် မြန်မာ့လက်ရွေးစင် အသင်းများမှ နည်းပြများ၊ အသင်းအုပ်ချုပ်သူများနှင့် တွေ့ဆုံ၍ အနာဂတ် လက်ရွေးစင် အသင်း အောင်မြင်မှု ရရှိရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အဖွဲ့ချုပ် ဥက္ကဋ္ဌသည် ယနေ့မနက်ပိုင်းက အာဆီယံ ကောင်စီ အစည်းအဝေး ကျင်းပရာ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ နည်းပြအုပ်ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီ၊ အုပ်ချုပ်သူ ဦးသန်းတိုးအောင်၊ ယူ၂၁ အသင်းနည်းပြချုပ် အဲရစ်ဝီလျံ၊ အုပ်ချုပ်သူ ဦးတင်မြင့်အောင် အစရှိသည့် လက်ရွေးစင်အသင်း တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည်။
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီက လက်ရွေးစင် အသင်း အပြီးသတ် ကစားသမား စာရင်းကို ထုတ်ပြန်ခဲ့ပြီး လာမည့် ခြေစမ်းပွဲနှင့် ခြေစစ်ပွဲများ နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြင်ဆင်မည့် ကဏ္ဍများအား အကြံပြု ဆွေးနွေးခဲ့သည်။ အလားတူ ယူ၂၁ နည်းပြချုပ် အဲရစ်ဝီလျံကလည်း ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များနှင့် လေ့ကျင့်ရေး အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့သည်။ မြန်မာ ယူ၂၁ အသင်းသည် အဆိုပါ ပြိုင်ပွဲအတွက် ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကာ စခန်းဝင် လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။
အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နည်းပြအဖွဲ့ဝင်များ ဆွေးနွေးမှုတွင် အားလုံး သဘောတူဆုံးဖြတ်ခဲ့ကြသည့် အဓိက အချက်မှာ စည်းကမ်းပိုင်း ချို့ယွင်းအားနည်း နေသည့် မည်သည့် ကစားသမားကိုမဆို အပြီးသတ် လူစာရင်းမှ ချန်လှပ်ထားရန် ဖြစ်သည်။