MFF U13 Girls 100 PLUS Super Cup 2015 ချန်ပီယံဆု ဧရာဝတီတိုင်း ဆွတ်ခူး
November 1, 2015ကူဝိတ်နှင့် ဒုတိယအကျော့ ပွဲကို ကစားရန် မလိုဟု ဖီဖာအကြောင်းကြား
November 10, 2015၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှ (၈) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော် တွင်ကျင်းပမည့် ဗီယက်နမ်ဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁ အမျိုးသမီးအသင်းသည် ယနေ့ နိုဝင်ဘာလ (၂) ရက်၊ ညနေ (၃) နာရီတွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြိုင်ပွဲလက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့သို့ ထွက်ခွာခဲ့သည်။
ယင်းပြိုင်ပွဲသို့ မြန်မာယူ-၂၁ လက်ရွေးစင်အမျိုးသမီးအသင်းနှင့်အတူ ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်း၊ ဟိုချီမင်းစီးတီး အမျိုးသမီးကလပ်အသင်း၊ ဖိလစ်ပိုင် FEU အမျိုးသမီးကလပ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို အုပ်စုပတ်လည် အမှတ်ပေးစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များအပြီးတွင်ရမှတ်အများဆုံးအသင်း ပထမဆုရရှိမည် ဖြစ်ကာ ရမှတ်အလိုက် ဒုတိယနှင့် တတိယဆုများ ရရှိကြမည်ဖြစ်သည်။ ပြိုင်ပွဲဆုကြေးများမှာ ပထမဆု အမေရိကန်ဒေါ်လာ (၅) ထောင်၊ ဒုတိယဆု
ကန်ဒေါ်လာ (၃) ထောင်နှင့် တတိယဆု ကန်ဒေါ်လာ (၁) ထောင် အသီးသီး ဖြစ်ကြသည်။
မြန်မာယူ-၂၁ လက်ရွေးစင်အမျိုးသမီး အသင်းလူစာရင်း
==================================
အုပ်ချုပ်/နည်းပြအဖွဲ့
———————–
အုပ်ချုပ်သူ – ဒေါ်မြတ်မြတ်ဦး
နည်းပြချုပ် – ဒေါ်သက်သက်ဝင်း
လက်ထောက်နည်းပြ – ဒေါ်စန်းစန်းသိန်း
ဂိုးနည်းပြ – ဦးကိုကိုအောင်
အသင်းဆရာဝန် – ဒေါ်ယုနန္ဒာထွန်း
ကစားသမားများ
———————-
ဂိုး – ခင်သီတာအေး၊ မေဇင်နွယ်
နောက်တန်း – ခင်သန်းဝေ၊ ငယ်ငယ်ထွေး၊ ဇင်မာထွန်း၊ ငုဝါသဲ၊ လဲ့လဲ့လှိုင်၊ ခင်ပြည့်လင်း၊ အေးအေးမိုး၊
အလယ်တန်း – အိရတနာဖြိုး၊ ခင်မိုမိုထွန်း၊ မေစံပါယ်ဖူး၊ ရူပါခိုင်၊ အေးမျိုးမြတ်၊ သင်းသင်းယု၊
အရှေ့တန်း – နီလာဝင်း၊ မေသူကျော်၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂ ီထွန်း၊ လှယဉ်ဝင်း။