ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီးအသင်း ရန်ကုန်လေဆိပ်မှ ထွက်ခွာ
November 2, 2015ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဖလား ပြိုင်ပွဲသို့ ဝင်ရောက်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း လူစာရင်း ထုတ်ပြန်
November 17, 2015ကူဝိတ်နှင့် ပထမအကျော့ ခြေစစ်ပွဲ ယှဉ်ပြိုင်စဉ်က။ ထိုပွဲတွင် ကူဝိတ်က ဝ-၉ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဓာတ်ပုံ – MFF
အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ဖီဖာ၏ အရေးယူခြင်းကို ခံထားရသည့် ကူဝိတ်အသင်းနှင့် နိုဝင်ဘာ ၁၇ ရက်တွင် ကစားရမည့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်ကို ကစားရန်မလိုတော့ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာမှ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ အကြောင်းကြားမှု တစ်ရပ် ပြုလုပ်ခဲ့သည်။
မြန်မာအသင်း ပါဝင်သည့် အုပ်စု(ဆ) ရပ်တည်မှု။
ကူဝိတ်အသင်းသည် မြန်မာအသင်း ပါဝင်လျှက် ရှိသည့် ခြေစစ်ပွဲ အုပ်စု(ဆ)တွင် ဒုတိယနေရာ၌ ရပ်တည်နေသည့် အသင်းဖြစ်ပြီး ဖီဖာအနေဖြင့် ကူဝိတ် ဘောလုံးအသင်းကို ခြေစစ်ပွဲမှ ထုတ်ပယ်ခြင်းကိုသာ ပြုလုပ်ထားကာ ခြေစစ်ပွဲ ပွဲစဉ်များ အတွင်း ပြိုင်ဘက်အသင်းများနှင့် တွေ့ဆုံခဲ့သည့် ရလဒ်များကို ပယ်ဖျက်မည်လား၊ သို့မဟုတ် မည်သို့ ပြုလုပ်မည်ကို သဲကွဲစွာ ဆုံးဖြတ်ခြင်း မရှိသေးပေ။
မြန်မာနှင့် ကူဝိတ်တို့၏ ဒုတိယအကျော့ ပွဲကိုလည်း ကစားရန် မလိုတော့ ဟုသာ အကြောင်းကြားထားပြီး ထိုပွဲ ကစားရခြင်း မရှိသည့် အတွက် မြန်မာအသင်း အနေဖြင့် မည်သည့် ရလဒ်မျိုး ရရှိမည်ကိုလည်း လက်ရှိတွင် တိတိကျကျ ဆုံးဖြတ်ရခြင်း မရှိသေးပဲ ဖီဖာ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ခြေစစ်ပွဲစဉ်များ မပြီးဆုံးမီ ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။
မြန်မာအသင်းသည် လက်ရှိတွင် အုပ်စု စတုတ္ထနေရာ၌ ရမှတ် ၄ မှတ်ဖြင့် ရပ်တည်နေပြီး တတိယနေရာမှ လက်ဘနွန်နှင့် ၃ မှတ် ကွာဟနေသည်။ မြန်မာအသင်းသည် လာမည့် နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယား အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ယင်းနောက်တွင် ကူဝိတ်နှင့် ပွဲကို ကစားရန် မလိုတော့ သောကြောင့် မတ်လ ၂၉ မှသာ အုပ်စု နောက်ဆုံးပွဲ အဖြစ် လက်ဘနွန်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။