ပရိသတ် အကြိုက် ခြေစွမ်းနဲ့ လာအိုကလပ်ကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ် အတွက် အားသာသွားတဲ့ ရန်ကုန်
November 22, 2015စည်သူအောင်နှင့် သီဟထက်အောင် တို့ကို MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူ ပြစ်ဒဏ်များ ချမှတ်
December 5, 2015ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရီနာကွင်းတွင် နိုဝင်ဘာ ၂၃ မှ ၂၉ အထိကျင်းပသည့် အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ် ၂၀၁၅ ပြိုင်ပွဲတွင် ထိုင်းဖူဆယ် ကလပ် ထိုင်းဆိပ်ကမ်း (Thaiport FC) အသင်းသည် မလေးရှားကလပ် Felda United FC အသင်းကို ယနေ့ကျင်းပသည့် ဗိုလ်လုပွဲတွင် (၅-ဝ)ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးသွားခဲ့သည်။ ပြိုင်ပွဲအား အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲနှစ်ရပ် ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်၊ သြစတြေးလျ နိုင်ငံများမှ ကလပ်အသင်း များဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
အမျိုးသား အဆင့်ပြိုင်ပွဲတွင် မြန်မာကလပ် MIC FC အသင်းသည် Felda FC (မလေးရှား)၊ ထိုင်းဆိပ်ကမ်း (ထိုင်း)၊ East Coast Heat FC (သြစတြေးလျ)၊ Sanna Khanh Hoa FC (ဗီယက်နမ်) စုစုပေါင်း အသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ထိုင်းဆိပ်ကမ်းက ပထမ၊ Felda United FC (မလေးရှား)က ဒုတိယ၊ မြန်မာကလပ် MIC FC က တတိယ နေရာရရှိခဲ့ကြသည်။ မြန်မာကလပ် MIC သည် အုပ်စု ပွဲစဉ်များတွင် ဗီယက်နမ် ကလပ်နှင့် (၁-၁)၊ သြစတြေးလျကလပ်နှင့် (၁-၁)သရေ၊ မလေးရှားကလပ်နှင့် (၂-၂) သရေကျခဲ့ကာ၊ ထိုင်းဆိပ်ကမ်းကို (ဝ-၄)ဖြင့်ရှုံးနိမ့်ပြီး တတိယနေရာ လုပွဲတွင် သြစတြေးလျကလပ် East Coast Heat FC (၄-၂)ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီး ကလပ်ပြိုင်ပွဲတွင် မြန်မာကလပ် ACE FC အသင်းသည် အုပ်စုတွင်းပြိုင်ပွဲတွင် Asian Scholars.C (ထိုင်း)၊ Felda United FC (မလေးရှား)၊ Dural Warriors (သြစတြေးလျ)၊ Thai Son Nam FC (ဗီယက်နမ်)တို့နှင့်အတူ ကျရောက်ခဲ့ပြီး (၄)ပွဲစလုံး အရေးနိမ့်ကာ အုပ်စု နောက်ဆုံးတွင်သာ ရပ်တည်ခဲ့ရသည်။ မြန်မာဖူဆယ် ကလပ်အသင်းများ အနေဖြင့် မနက်ဖြန် မွန်းလွဲ(၁း၀၀)နာရီတွင် ရန်ကုန် လေဆိပ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။