အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ် ၂၀၁၅ မြန်မာကလပ် MIC FC တတိယ နေရာရရှိ
November 30, 2015တရုတ်ဘောလုံး အဖွဲ့ချုပ် ဖိတ်ခေါ် ဖူဆယ် ပြိုင်ပွဲ ပွဲဦးထွက်တွင် မြန်မာအသင်း အီရန်နှင့် တွေ့ဆုံ
December 9, 2015မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းမှ လက်ရွေးစင် ကစားသမား စည်သူအေင်သည် စခန်းဝင် လေ့ကျင့်ရန်အတွက် ပျက်ကွက်ခြင်းနှင် ပက်သတ်၍ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်မှ MFF ဥက္ကဋ္ဌထံ အရေးယ ူဆောင်ရွက်ပေးရန် တင်ပြခြင်းနှင့် အသက်(၂၁)နှစ်အောက် မြန်မာ့လက်ရွေးစင် အသင်းမှ လက်ရွေးစင် ကစားသမား သီဟထက်အောင်သည် စခန်းဝင် လေ့ကျင့်ရန် ပျက်ကွက်သဖြင့် လက်ထောက်နည်းပြ ဦးညီညီလတ်မှ တင်ပြစာများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက (၃-၁၂-၂၀၁၅) ရက်နေ့မှ စတင်ကာ အဆိုပါ ကစားသမား (၂)ဦးနှင့် သက်ဆိုင်သည့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် အစည်းအဝေး (၃)ကြိမ် ပြုလုပ်၍ တာဝန်ရှိသူများ၏ တင်ပြ အစီရင်ခံစာများအား ဖတ်ရှု့လေ့လာခြင်း၊ ကာယကံရှင် ကစားသမား နှစ်ဦးအား လူတွေ့ခေါ်ယူ စစ်ဆေးမေးမြန်းခြင်း တို့ ပြုလုပ်ခဲ့သည်။ အစီရင်ခံစာများ နှင့် လူတွေ့စစ်ဆေး မေးမြန်းမှုများအား သုံးသပ်၍ MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် MNL 2015 စည်းမျဉ်းစည်းကမ်း အပိုဒ် (၇၂)၊ အပိုဒ် (၇၃) နှင့် စည်းကမ်းထိန်းသိမ်းရေး မူအပိုဒ် (၁၃)တို့အရ အထက်ပါ ကစားသမား နှစ်ဦး အား အောက်ပါအတိုင်း အရေးယူ ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
(က) လက်ရွေးစင် ဘောလုံးသမား စည်သူအောင်အား ၂၀၁၆ ခုနှစ် ဘောလုံး ရာသီတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပြုလုပ်ကျင်းပသည့် ပြိုင်ပွဲများတွင် ပွဲစဉ် (၆)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် (၄)သိန်း ပေးဆောင်ရန်။
(ခ) ယူ ၂၁ လက်ရွေးစင် ကစားသမား သီဟထက်အောင်အား ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပြုလုပ်ကျင်းပသည့် ပြိုင်ပွဲများတွင် ပွဲစဉ် (၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် (၂)သိန်း ပေးဆောင်ရန်။
အထက်ပါ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကို ကစားသမား (၂)ဦးစလုံး လိုက်နာရန်ဖြစ်သည်။