စည်သူအောင်နှင့် သီဟထက်အောင် တို့ကို MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူ ပြစ်ဒဏ်များ ချမှတ်
December 5, 2015MNL ကလပ်များ ယှဉ်ပြိုင်မည့် ၂၀၁၆ အာရှ ချန်ပီယံလိဂ်နှင့် AFC Cup အုပ်စုများ ထွက်ပေါ်
December 10, 2015တရုတ်ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် 2015 CFA Futsal International Tournament ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အဖွင့်ပွဲစဉ်၌ အီရန် လက်ရွေးစင် ဖူဆယ် အသင်းနှင့် တွေ့ဆုံရမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကို တရုတ်နိုင်ငံ ချန်ရှူးမြို့တွင် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ အပါအဝင် အိမ်ရှင် တရုတ်၊ မက္ကဆီကိုနှင့် အီရန် စသည့် အသင်း လေးသင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် ဒီဇင်ဘာ ၁၆ ရက်တွင် ပြိုင်ပွဲကျင်းပမည့် ချန်ရှူးမြို့သို့ ထွက်ခွာမည် ဖြစ်ကာ ဒီဇင်ဘာ ၁၇ ရက်ညနေတွင် ပြိုင်ပွဲကျင်းပမည့် ချန်ရှူး အားကစားကွင်း၌ Official Training ပြုလုပ်မည် ဖြစ်သည်။
ပြိုင်ပွဲကို တစ်နေ့လျှင် ပွဲစဉ် ၂ ပွဲနှုန်းဖြင့် သုံးရက်ဆက်တိုက် ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်တွင် အီရန်အသင်း၊ ဒုတိယမြောက် ပွဲစဉ်တွင် အိမ်ရှင် တရုတ်အသင်း၊ နောက်ဆုံး ပွဲစဉ်တွင် မက္ကဆီကို အသင်းများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုပတ်လည် ပုံစံဖြင့် ကျင်းပမည် ဖြစ်ပြီး ပွဲစဉ်သုံးပွဲစီ ကစားပြီးချိန်တွင် ရမှတ်အများဆုံး အသင်းက ဗိုလ်စွဲ နိုင်မည် ဖြစ်သည်။